
မိသားစုတိုင်း ၊ လူတိုင်းမှာ ဖြေရှင်းစရာပြဿနာ ကိုယ်စီရှိကြပါတယ်။ တစ်ချို့ကျတော့လည်း ဒီပြဿနာတွေ အရှုပ်ထုတ်တွေကြားထဲ နှစ်မွန်းရင်း တဝဲလည်လည်နဲ့ပဲ ဘဝကြီးကိုပြီးဆုံးသွားကြရတယ်။ တစ်ချို့ကြတော့ ပြဿနာဖြေရှင်းပြီး လမ်းမှန်ပေါ်ကို ပြန်တက်လာနိုင်ကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ကတော့ဘဝမှာကောင်းတာရော ဆိုးတာရော နှစ်ခုလုံးခံစားလိုက်ရတာဆိုတော့ တန်တယ်ပဲဆိုရမှာပေါ့။ ဒီဇာတ်လမ်းမှာ မိသားစုသုံးစုရဲ့ အိမ်တွင်းရေး ပြဿနာတွေကိုရိုက်ပြထားတာပါ။ အင်္ဂလန် ရပ်ဂ်ဘီ ဘောလုံးကပ္ပတိန်ဟောင်းဖြစ်တဲ့ မက်စ်မိုးက အရင်က အရမ်းတော်ခဲ့သလောက်အခုချိန်မှာ မိန်းမ နဲ့လည်း အဆင်မပြေ၊စီးပွားရေးဆိုတာကလည်း လက်ကျန် ဂုဏ်ရှိန်လေးနဲ့လုပ်စားနေရတယ်၊ ဒီကြားထဲ မိန်းမဖြစ်သူနဲ့ရော သားသမီးတွေနဲ့ပါ ခဏတာခွဲနေရတယ်။ နောက်မိသားစုတစ်ခု ကျောင်းတွင်း ရပ်ဂ်ဘီဘောလုံးအသင်းရဲ့ လေ့ကျင့်ရေး ဆရာလည်းဖြစ် အငှားကားမောင်းသူလည်းဖြစ်တဲ့ ဂျော့၊ သူတို့မိသားစုကတော့ ကလေးအရမ်းလိုချင်ကြတယ်၊ နောက်တစ်ယောက်တော့ မူးယစ်ဆေးရောင်းတဲ့ဘဝကြီးကို စိတ်ကုန်နေတဲ့ ကင်းစ်လေ၊ မူးယစ်ဆေးလောကဆိုတာက ဝင်ပြီးရင်ပြန်ထွက်ဖို့ခက်တယ်ေလ၊ တစ်ခါထောင်ကျဖူးတဲ့ အပြင် မိခင်ဖြစ်သူ လည်းစိတ်မဆင်းရဲစေချင်တဲ့အတွက် ဒီလောကကနေထွက်ဖို့နည်းလမ်းရှာနေတယ်၊ သူတို့တွေ အကုန်လုံး ဒီပြဿနာဆီကနေဘယ်လိုဖြေရှင်းပြီးရုန်းထွက် နိုင်မလားဆိုကတော့ဆက်လက်ကြည့်ရှုပေးပါဦး။ File size…1.40GB / 686MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 33m Genre ….. Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.40GB | Download | |
| 1080p | 1.40GB | Download | |
| 1080p | 1.40GB | Download | |
| 720p | 686MB | Download | |
| 720p | 686MB | Download | |
| 720p | 686MB | Download | |
| 720p | 686MB | Download | |
| 720p | 686MB | Download |
ထုတ်လွှင့်သည့်နေ့
November 11, 2016
ကြာချိန်
1h 33m
အဆင့်သတ်မှတ်ချက်
5.8 / 10
Director
Jim O'Hanlon