
ဒီနှစ်ထဲ Horror ကား ကောင်းကောင်း မျှော်နေခဲ့တာ ဒီကားလေးလဲ မဆိုးဘူး ပြောရမယ် IMdb တော့ 5 လောက်ပဲ ရတယ် Dear John ထဲက မင်းသမီး Amanda Seyfried နဲ့ Hollow Man လိုနေရာ ကောင်းကောင်း သရုပ်ဆောင်နိုင်တဲ့ မင်းသားကြီး Kevin Bacon တို့ ပါဝင် သရုပ်ဆောင်ထားတယ် ဇတ်လမ်း ပုံစံ ကတော့ သီအို ဆိုတဲ့ ပိုက်ဆံချမ်းသာတဲ့ ဘဲကြီးက ဆူဆန် ဆိုတဲ့ ငယ်ငယ်ချောချော မင်းသမီး တစ်ယောက်ကို ယူထားတယ် သူတို့မှာ အယ်လာ ဆိုတဲ့ သမီးလေး တစ်ယောက်လဲ ရှိတယ် တစ်ရက်မှာတော့ မြို့ပြနဲ့ ဝေးတဲ့ အိမ်ကြီးတစ်ခုကို ဝယ်ပြီး မိသားစု ခရီးထွက်လာခဲ့တယ် အတော်လေး စိတ်ငြိမ်တဲ့နေရာ အိမ်ကြီးကလဲ လှပပြီး ပြည့်စုံလွန်းတယ်ပေါ့ ဒါပေမဲ့ သီအိုကတော့ အိပ်မက်ဆိုးတွေ ဆက်တိုက် မက်နေခဲ့သလို အိမ်ထဲမှာလဲ တစ်ခါတစ်ရံ အရိပ်တွေက ပြေးနေတက်တယ် ပိုထူးဆန်းတာက အဲ့ဒီအိမ်ပိုင်ရှင်ကို တစ်ခါမှ မမြင်ဖူးလိုက်ပဲ အီးမေးလ်ကနေ အဆက်အသွယ်လုပ်ပြီး အေးဂျင့်တွေကနေ တဆင့် ငွေချေ ဆောင်ရွတ်ခဲ့ကြတာပါပဲ အိမ်က ကြီးလေလေ ခြောက်ခြားစရာ ဖြစ်လေလေ ဇတ်ကား တစ်ခုလုံးက ပြီးပြည့်စုံတယ် ပြောမရ ပေမဲ့ ကြည့်မယ်ဆို ကြည့်ပျော် ကြောက်ပျော်ပါတယ် Reviewed by Thit San Khant Quality – 720p WebRip Duration - 1 hr 33 min Subtitle – Myanmar Hardsub Format – Mp4 Genre : horror, Mystery Translator – Littleneo Encoder – Littleneo