
တစ်ယောက်တည်းမွေးလာရပြီး တစ်ယောက်တည်းသေသွားရမယ့် လောကကြီးထဲမှာ အမြွှာဆိုတာ ဆုလာဘ်တစ်ခုပါပဲ။ အမေ့ဗိုက်ထဲမှာ အတူတူနေခဲ့ရတယ်၊ အဝတ်အစားတွေ အတူတူဝတ်ခွင့်ရှိတယ်၊ အသုံးအဆောင်တွေ အတူတူသုံးခွင့်ရှိတယ်။ ဒါပေမဲ့ ဘယ်လောက်ပဲချစ်ကြတဲ့ အမြွှာတွေဖြစ်နေရင်တောင် ဝေမျှလို့မရနိုင်တာကတော့ “အချစ်ပေါ့”။ ၁၉၉၉ ခုနှစ်ကို အခြေတည်ပြီး ရိုက်ကူးထားတဲ့ ဒီဇာတ်ကားမှာဆိုရင် You နဲ့ Me ဆိုတဲ့ ဆယ်ကျော်သက် အမြွှာညီအစ်မနှစ်ယောက်ဟာ မွေးကတည်းက အတူသွား အတူလာ အတူစားပြီး တစ်ယောက်မရှိရင် တစ်ယောက်မနေနိုင်တဲ့အထိ ချစ်ကြတဲ့အမြွှာတွေပါ။ ဒီလိုနဲ့ တစ်နေ့မှာတော့ သူတို့ရဲ့ဘဝထဲကို Mark လို့ခေါ်တဲ့ ကောင်လေးတစ်ယောက် ဝင်ရောက်လာခဲ့ပါတယ်။ ကံဇာတ်ဆရာအလိုကျ Mark ဟာ ပျိုဖော်ဝင်ခါစ ညီအစ်မနှစ်ယောက်ရဲ့အချစ်ဦး ဖြစ်လာတဲ့အခါမှာတော့ ... ကျန်တာတွေ ဝေမျှနိုင်ရင်တောင် အချစ်ကိုတော့ ဘယ်လိုမှဝေမျှလို့မရတဲ့အခါ ဒီအမြွှာညီအစ်မနှစ်ယောက်ရဲ့ ဘဝကြီးဟာ အချစ်ကြောင့် တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားမှာလားဆိုတာ ကြည့်ရှုခံစားရမယ့် အချစ်ဇာတ်ကားလေးတစ်ကားပါပဲ။ အညွှန်းကိုတော့ Hmwe Thet Winn က ရေးထားပြီးတော့ ဘာသာပြန်ထားတာကတော့ Hmwe and Laii ပဲ ဖြစ်ပါတယ်။ Genre..... Drama, Romance Quality…. 1080p | 720p | 480p File size…1.8GB | 799MB | 403MB Format… mp4 Duration…. 2h 1min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Hmwe and Laii Encoder ..... Aaron
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.8 GB | Download | |
| 720p | 799 MB | Download | |
| 1080p | 1.8 GB | Download | |
| 720p | 799 MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
/ 10
Director