
You Do You(2023) ***************** ကိုယ့်ဘဝမှာ ကိုယ်သာလျှင်ပဲ့ကိုင်ရှင်ပါ။ သူများတွေ ဘယ်လိုပဲပြောနေနေ ဘယ်လိုပဲယူဆဆ၊ ကိုယ့်ရဲ့ခံစားချက်ကို ထုတ်ပြကြိုးစားရင်း ပြာပုံထဲကျနေပြန်ရုန်းထနေရမှာပါ။ ဒီဇာတ်လမ်းလေးကတော့ အဲ့လိုခံယူချက်လေးနဲ့ ဖက်ရှင်လောကထဲ လျှောက်လှမ်းချင်တဲ့ အမျိုးသမီးလေး မာဗေ့ဗ်ရဲ့ ဇာတ်လမ်းလေးကိုရိုက်ကူးပြထားတာပါ။ မာဗေ့ဗ်ဟာ တီထွင်ဖန်တီးမှုဉာဏ်ရှိပြီး ဖက်ရှင်လောကမှာ အခြေချရပ်တည်ချင်သူလေးပါ။ သို့ပေမဲ့ အမေဖြစ်သူကတော့ ရုံးထိုင်အလုပ်တစ်ခုခုကိုအခြေတကျလုပ်စေချင်တာမို့ အလုပ်အင်တာဗြူးတွေခဏခဏဖြေခိုင်းပါတယ်။ ဖြေခိုင်းတိုင်းလည်း မာဗေ့ဗ်တစ်ယောက် အမေ့ရဲ့ဘီဒိုကြီးထဲက အဝတ်အစားလှလှတွေထုတ်ဝတ်သွားပြီး အင်တာဗြူးကို ကျအောင်ဖြေလေ့ရှိပါတယ်။ တကယ့်သမီးအလိမ္မာလေးပါပဲ။ မာဗေ့ဗ်ရဲ့ အမေဖြစ်သူဟာ တစ်ချိန်က ထိတ်ထိတ်ကြဲ နာမည်ကြီးသတင်းထောက်ပါ။ သိတဲ့အတိုင်းအပင်မြင့်လေ လေတိုက်လေဆိုတော့ ကြိတ်ပြီးမုန်းနေတဲ့ရန်ဖက်တွေလည်းရှိတာပါပဲ။ ဒီလိုနဲ့ တစ်နေ့ကျတော့ အဲ့ဒီရန်ဖက်ဖြစ်သူဟာ အကွက်ကျကျစီစဥ်ပြီး မာဗေ့ဗ်တို့မိသားစုကို လမ်းဘေးရောက်အောင်ကြံပါတော့တယ်။ မာဗေ့ဗ်တစ်ယောက် ဒီအခက်အခဲကို ဘယ်လိုကျော်လွှားမလဲ၊ ဒီရန်ဖက်ဆိုသူကရောဘယ်သူလဲ၊ ဘာတွေဆက်လက်ကြုံတွေ့ရမလဲဆိုတာကို လူငယ်ဆန်ဆန်ပေါ့ပေါ့ပါးပါး ဖက်ရှင်လေးတွေနဲ့ လိုက်ပါကြည့်ရှုလို့ရမယ့် Comedy Romanceကားလေးတစ်ကားပါပဲ။ File Size :(1.5GB) and (680MB) Quality :WEB-DL 1080P, 720p Format…mp4 Duration…01:40:00 Genre : Comedy , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae