
IMDb rating – 8.2 ဒီရုပ်ရှင်ကတော့ ဂျပန်ဂန္တဝင်ဒါရိုက်တာ Kurosawa Akira ရဲ့ နာမည်ကျော်လက်ရာဖြစ်တဲ့ Yojimbo ဖြစ်ပါတယ်။ Rashomon (1950) Ikiru (1952) Seven Samurai (1954) နဲ့ Ran (1985) တို့လိုရုပ်ရှင်တွေကို ရိုက်ကူးခဲ့တဲ့Kurosawa ရဲ့ ၂၁ ကားမြောက်ဇာတ်ကားဖြစ်ပါတယ်။ ဟောလီးဝုဒ်ဂန္တဝင်ရုပ်ရှင်များ ဖြစ်တဲ့ Dollars Trilogy ရဲ့ ပထမဆုံးရုပ်ရှင် A Fistful of Dollars က ဒီဇာတ်ကားကို Remake ပြုလုပ်ထားတာဖြစ်ပါတယ်။ အဖြူအမည်းရုပ်ရှင်ဖြစ်တဲ့ Yojimbo ဟာ ၁၉၆၁ ကထွက်ရှိခဲ့ပြီး အနောက်တိုင်းရုပ်ရှင်တွေအပေါ်မှာ လွှမ်းမိုးမှုကြီးခဲ့ပါတယ်။ Clint Eastwood ရဲ့ နာမည်ကျော်ကောင်းဘွိုင်ဇာတ်ကောင် The Man with No Name ကနေ Star Wars နဲ့ Last Man Standing ရုပ်ရှင်တွေအထိ ဒီဇာတ်ကားရဲ့သြဇာမကင်းတာ တွေ့နိုင်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ Edo ခေတ်နှောင်းပိုင်းလောက်မှာ အမည်မသိရတဲ့ လေလွင့် Ronin တစ်ဦး မြို့လေးတစ်မြို့ကိုရောက်လာရာကနေ အစပြုပါတယ်။ ရိုနင်ဆိုတာ ခစားတဲ့သခင်မရှိဘဲ ခြေဦးတည့်ရာကိုလေလွင့်သွားလာနေတဲ့ ဆာမူရိုင်းကိုဆိုလိုပါတယ်။ မြို့ရောက်ပြီးမကြာခင် ဒီမြို့လေးမှာ ရာကူဇာဂိုဏ်းနှစ်ဂိုဏ်း အပြိုင်ကြီးစိုးပြီး သောင်းကျန်းနေတာကြောင့် မြို့လည်းကပ်ဆိုက်လုမတတ် ပျက်စီးယိုယွင်းနေတာကိုသိလိုက်ရပါတယ်။ လောင်းကစားလုပ်ငန်းအတွက် နယ်မြေလုရင်း တစ်ဂိုဏ်းနဲ့တစ်ဂိုဏ်း အပြတ်ချေမှုန်းဖို့ ရန်စောင်နေကြတာကို ဆာမူရိုင်းသိလိုက်ချိန်မှာတော့ နှစ်ဂိုဏ်းလုံးကိုအပြတ်ရှင်းဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ Edo ခေတ်အဆုံး Meiji ခေတ်မတိုင်ခင်မှာ ဇာတ်အိမ်တည်ထားတဲ့ ဒီရုပ်ရှင်ဟာ မြေရှင်ပဒေသရာဇ်ခေတ် ဂျပန်နိုင်ငံကိုအခြေပြုထားပေမဲ့ Cinematography ကိုတော့ ဟောလီးဝုဒ် Western ရုပ်ရှင်ဆန်ဆန် မြင်ကွင်းကျယ်များနဲ့ရိုက်ကူးထားပြီး မူလဇာတ်လမ်းကလည်း အနောက်တိုင်းဝတ္ထုတစ်ပုဒ်ကို မှီတည်ထားတာဖြစ်ပါတယ်။ ဒါကြောင့်လည်း ဆာမူရိုင်းနေရာမှာ မြင်းစီးကောင်းဘွိုင်၊ Katana ဓားနေရာမှာ သေနတ်ပြောင်းပြီး ဟောလီးဝုဒ်က Remakeရိုက်ကူးအောင်မြင်သွားခဲ့တာဖြစ်နိုင်ပါတယ်။ ဂန္တဝင်ဇာတ်ကားဖြစ်တာမလို့ အကျယ်ပြောနေစရာမလိုဘဲ Kurosawa ရဲ့ရုပ်ရှင်တွေကို မြည်းစမ်းချင်သူတွေအတွက် ပထမဆုံးကြည့်ရှုသင့်တဲ့ ဇာတ်ကားတွေထဲက တစ်ကားဖြစ်ပါတယ်။ File size…(1.8 GB)/(870 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:50:00 Genre…Action, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Wolfenhein
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.8 GB | Download | |
| 1080p | 1.8 GB | Download | |
| 1080p | 1.8 GB | Download | |
| 1080p | 1.8 GB | Download | |
| 720p | 870 Mb | Download | |
| 720p | 870 Mb | Download | |
| 720p | 870 Mb | Download | |
| 720p | 870 Mb | Download | |
| 720p | 870 Mb | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
8.2 / 10
Director