
Yes, I Can’t Swim (2022) အရိုးစွဲလာတဲ့ အကြောက်တရားကို ကျော်လွှားဖို့ဆိုတာ လူတိုင်းအတွက် ခက်ခဲလှတဲ့အရာပါ။ အထူးသဖြင့် အတိတ်က စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကြောင့်ရလာတဲ့ Thalassophobia လို ရေကြောက်တဲ့စိတ်ကို ဖျောက်ဖို့က တော်တော်လေး မလွယ်ကူလှပါဘူး။ ဒီဇာတ်ကားထဲမှာတော့ “ယုဂျိ တကနရှိ”လို့ခေါ်တဲ့ သက်လတ်ပိုင်းအရွယ် ရေမကူးတတ်တဲ့ တက္ကသိုလ်ဆရာတစ်ဦးအကြောင်းကို ဇာတ်အိမ်တည်ထားပါတယ်။ ငယ်စဉ်တုန်းက ရေထဲပြုတ်ကျဖူးတဲ့ဖြစ်ရပ်ကြောင့် ရေကြောက်သွားပြီး ရေကူးမသင်ခဲ့တဲ့ ဆရာ “ယုဂျိ”ဟာ တစ်နေ့မှာတော့ မြစ်ထဲပြုတ်ကျသွားတဲ့ သားလေးကို လိုက်ကယ်ရင်း သူကိုယ်တိုင်လည်း သတိမေ့သွားခဲ့ပါတယ်။ ပြန်သတိရလာချိန်မှာတော့ သူ့သားလေးက ဆုံးပါးသွားပြီဖြစ်သလို သူလည်း ဒီအဖြစ်ပျက်ကရတဲ့ Post Traumatic Stress Disorder စိတ်ဒဏ်ရာကြောင့် ဒီအဖြစ်အပျက်ကို မှတ်ဉာဏ်ထဲမှာ လုံးဝ မမှတ်မိခဲ့ပါဘူး။ ဒီကိစ္စကြောင့်ပဲ သူတို့ရဲ့ အိမ်ထောင်ရေးလည်း အဆင်မပြေဖြစ်ပြီး ကွာရှင်းလိုက်ကြပါတယ်။ ၅နှစ်ခန့်အကြာမှာတော့ အိမ်အပြန်လမ်းမှာ ရေကူးသင်တန်း ပိုစတာတစ်ခုကိုတွေ့ပြီး အသစ်အဆန်းကို စူးစမ်းချင်စိတ်ကြောင့် သင်တန်းအပ်လိုက်ပါတယ်။ နှစ်ရှည်လများရှိလာခဲ့တဲ့ အဖြစ်ဆိုးတွေနဲ့လည်း ပတ်သက်နေတဲ့ ရေကြောက်တဲ့စိတ်ကို ကျော်လွှားဖို့ သူဘယ်လို ဖြတ်ကျော်လိမ့်မှာလဲ… အဲဒါအပြင် ရေကူးသင်တာနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကိုလည်း သေချာရိုက်ကူးထားတာဖြစ်လို့ ရေကူးသင်ဖို့ Motivation လိုအပ်နေသူတွေလည်း ကြည့်သင့်ကြောင်း တိုက်တွန်းလိုက်ရပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Ingyin San မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 950MB Quality – 1080p, 720p IMDb Rating – 5.5/10 Format – mp4 Duration – 2H Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Y
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.1GB | Download | |
| 1080p | 2.1GB | Download | |
| 1080p | 2.1GB | Download | |
| 1080p | 2.1GB | Download | |
| 720p | 950MB | Download | |
| 720p | 950MB | Download | |
| 720p | 950MB | Download | |
| 720p | 950MB | Download | |
| 720p | 950MB | Download | |
| 720p | 950MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
5.5 / 10
Director