
IMDb… 7.0 မင်းသား Kang Ha-Neul အပီကြမ်းထားတဲ့ အလန်းစား အက်ရှင်မှုခင်းကားသစ်လေး ထွက်ရှိလာပါပြီ။ When Life Gives You Tangerine က မင်းသားကြီး Park Hae-Joon ၊ Exhuma ကားမှ Yu Hae-Jin နဲ့ Our Unwritten Seoul မှ မင်းသား Ryu Kyung Soo အစရှိတဲ့ ဒိတ်ဒိတ်ကြဲမင်းသားကြီးတွေလည်း ပါဝင်သရုပ်ဆောင်ထားကြပါတယ် – ဇာတ်လမ်းအကျဉ်း – အီဂန်ဆူ (Kang Ha-Neul) ကတော့ လူတစ်ဦးရဲ့ ချောက်ချမှုကြောင့် အပြစ်မရှိဘဲ ဆေးမှုနဲ့ ထောင်ထဲရောက်နေသူပါ။ ဂူဂွမ်ဟီး (Yu Hae-Jin) ကတော့ ရည်မှန်းချက်ကြီးတဲ့ အမှုစစ်ဖြစ်ပြီး ရာထူးတိုးချင်တဲ့ ရည်ရွယ်ချက်နဲ့ ဆေးသမားတွေကို ကြားက သတင်းပေးမယ်ဆိုရင် ထောင်ဒဏ်လျှော့ပေါ့ပေးမယ်ဆိုပြီး ဂန်ဆူကို ကမ်းလှမ်းပါတော့တယ်။ ဒီလိုနဲ့ ဂန်ဆူဟာ အမှုစစ်ဂူအတွက် မူးယစ်သတင်းပေး စလုပ်ပေးခဲ့ပြီး အမှုစစ်ဂူလည်း အဲဒီကျေးဇူးကြောင့် ဆေးသမားတွေ တစ်ယောက်ပြီးတစ်ယောက် ဖမ်းပြီးတော့ ရာထူးလည်း တစ်ဆင့်ထက်တစ်ဆင့် တက်လာခဲ့တာပေါ့။ တစ်ဖက်မှာလည်း မူးယစ်ဆေးမှုစုံစမ်းစစ်ဆေးရေးအဖွဲ့က စုံထောက်ဖြစ်တဲ့ အိုဆန်းဂျယ် (Park Hae-Joon) က အမှုစစ်ဂူကြောင့် သူ့ရဲ့ စုံစမ်းစစ်ဆေးရေးတွေ ဆက်တိုက် ကျရှုံးနေတာမို့လို့ အမှုစစ်ဂူအပေါ် သိပ်ပြီး အမြင်မကြည်လှသလို ဂန်ဆူနဲ့ အမှုစစ်ဂူတို့ရဲ့ ဆက်ဆံရေးကိုလည်း အမြဲ သတိထားစောင့်ကြည့်နေလေ့ရှိပါတယ်။ ဂန်ဆူ ၊ အမှုစစ်ဂူနဲ့ စုံထောက်အိုတို့ သုံးဦးဟာ ကိုယ်စီ အကျိုးစီးပွားတွေအတွက် အပြန်အလှန် ပတ်သက်ဆက်စပ်မိပြုလာတဲ့အခါမှာတော့…. တောင်ကိုးရီးယား မူးယစ်စုံစမ်းစစ်ဆေးရေးလောကထဲက အားပြိုင်ပုံ အမျိုးမျိုးအဖုံဖုံကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်လို့ လက်လွတ်မခံဘဲ အခုပဲ အပြေးလေးကြည့်လိုက်ကြပါတော့နော်။ (ဇာတ်လမ်းအညွှန်းကိုတော့ Hnin Wai Oo မှ ရေးသားထားပါတယ်။) File Size : 1.92GB/ 940MB Quality : WEB-DL 1080p/ 720p Format…mp4 Duration…01:43:49 Genre : Action, Mystery, Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Stary, Hnin Wai Oo & Miri Encoded by Tiff
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.92GB | Download | |
| 1080p | 1.92GB | Download | |
| 1080p | 1.92GB | Download | |
| 1080p | 1.92GB | Download | |
| 720p | 940MB | Download | |
| 720p | 940MB | Download | |
| 720p | 940MB | Download | |
| 720p | 940MB | Download | |
| 720p | 940MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
7.0 / 10
Director