Preparing your cinema experience...

တစ်ယောက်တဲ့သမီးလေးကို ပျိုးထောင်လာတဲ့ ကျန်းစီးဝမ်(Aaron Kwok)ဟာ တစ်နေ့မှာ မထင်မှတ်ပဲ လူ့လောကကနေထွက်သွားခဲ့ရပြီး ခွေးတစ်ကောင်အဖြစ်ပြောင်းသွားခဲ့တယ် အသက်(၇)နှစ် လူမမယ်အရွယ်သမီးလေးကို စိတ်မချနိုင်ပဲ သမီးလေးကိုလိုက်ရှာခဲ့တယ်။ သမီးလေးကိုရှာတွေ့တဲ့အချိန်မှာတော့ သမီးလေးကအရွယ်ရောက်ပြီး အဆိုတော်တစ်ယောက်ဖြစ်နေပါပြီ။ အဆင်ပြေနေသလိုထင်ရပေမယ့် အခက်အခဲတွေနဲ့ကြုံနေရပါတယ်။ အဖေတစ်ယောက်အနေနဲ့ ခွေးလေးအဖြစ်နဲ့ သမီးလေးရဲ့အနားမှာနေပြီး အခက်အခဲတွေကိုကျော်ဖြတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ လူနဲ့ခွေး ဘဝချင်းခြားနေပေမယ့်လဲ အဖေတစ်ယောက်ရဲ့မေတ္တာကိုပေါ့ပေါ့ပါးပါးနဲ့ အကောင်းဆုံးပြသသွားတာပဲဖြစ်ပါတယ်။