
တရုတ်ကွန်ဖူးသိုင်းကားတွေမှာ အမျိုးသားဇာတ်ဆောင်တွေကို အဓိကထားပြီး ရိုက်တတ်ကြပေမဲ့ ဒီရုပ်ရှင်လေးကတော့ ထူးထူးခြားခြား အမျိုးသမီးဇာတ်ဆောင် အသားပေးရိုက်ထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- မင်ကော်ခေတ်မှာ ဗြိတိန်လူမျိုးတွေက ကွမ်ကျိုးက မိန်းမပျိုလေးအများအပြားကို လှည့်ဖြားပြီး နိုင်ငံခြားကို ရောင်းစားနေကြောင်း သတင်းသိရပါတယ်။ အဲဒီ မိန်းမပျိုလေးတွေထဲမှာ ချင်မင်းဆက်ရဲ့ မင်းသမီးတစ်ပါးလည်း ပါသေးတယ်တဲ့။ တော်ဝင်မျိုးနွယ်ကို ဓားစာခံအဖြစ် ထိန်းချုပ်ထားနိုင်တဲ့အခါ ဗြိတိန်လူမျိုးတွေက ပိုရက်စက်ကြပြီး ချင်မင်းဆက်ကလည်း သူတို့ကို မထိရဲအောင် ဖြစ်နေပါတယ်။ ပေါင်ကျီးလင်သူရဲကောင်း ဟွမ်ဖေးဟုန်ဟာ သူ့ဇနီးလောင်း သိုက်ရှောက်ကျွင်းနဲ့ တပည့်လျန်ခွမ်းတို့နဲ့အတူ ချင်မင်းဆက် ယဉ်ကျေးမှုရေးရာဌာန အမတ်ကြီးလင်ရဲ့ အမိန့်အရ ကျိုလုံဆိပ်ကမ်းမှာ နိုင်ငံခြားကို ရောင်းစားခံရမဲ့ မိန်းမပျိုတွေကို သွားကယ်ခဲ့ပါတယ်။ ဒါပေမဲ့ မိန်းမပျိုလေးတွေက သူတို့ ထင်ထားသလို အကယ်ခံရဖို့ စောင့်နေတာ မဟုတ်ဘဲ နိုင်ငံခြားကို ထွက်ရဖို့ မျှော်လင့်နေကြတာကို တွေ့ခဲ့ရပါတယ်။ ဟွမ်ဖေးဟုန်ဟာ သိုက်ရှောက်ကျွင်းကို ကာကွယ်ဖို့အတွက်နဲ့ တိုက်ခိုက်ခံလိုက်ရပြီး သေလားရှင်လားမသိ ဖြစ်နေပါတယ်။ သိုက်ရှောက်ကျွင်းဟာ အမှန်တရားကို စုံစမ်းစစ်ဆေးဖို့အတွက် ဗြိတိန်သံတမန် လိုင်စစ်ထ်က ဖွင့်လှစ်ထားတဲ့ စိန့်အန်းနာ့ကျောင်းကို လျှို့ဝှက်ဝင်ရောက်ခဲ့ပါတယ်။ စိန့်အန်းနာ့ကျောင်းထဲမှာ ဘယ်လို လျှို့ဝှက်ချက်ကြီးတွေ ရှိနေမလဲ…… ကျောင်းသူလေးတွေက ဘာဖြစ်လို့ နိုင်ငံခြားကို လိုလိုလားလားထွက်ချင်ကြရတာလဲ…… သိုက်ရှောက်ကျွင်းတစ်ယောက် ဘယ်လို အန္တရာယ်မျိုးတွေ ကြုံတွေ့ရမလဲ…… ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 985MB | Download | |
| 1080p | 985MB | Download | |
| 1080p | 985MB | Download | |
| 1080p | 985MB | Download | |
| 1080p | 985MB | Download | |
| 1080p | 985MB | Download | |
| 720p | 603MB | Download | |
| 720p | 603MB | Download | |
| 720p | 603MB | Download | |
| 720p | 603MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
5.8 / 10
Director