
IMDb..8.3 Wolfwalkers ဇာတ်ကားလေးက စိတ်ကူးယဉ် စွန့်စားခန်း animation ရုပ်ရှင်လေးပဲ ဖြစ်ပါတယ် လူသားနဲ့ ဝံပုလွေကြားမှာတဲ့ တင်းမာတဲ့ ဆက်ဆံရေးတွေ ၊ မိန်းကလေးငယ်ငယ်လေး နှစ်ယောက်ရဲ့ ခိုင်မာတဲ့ သံယောဇဉ် အကြောင်းလေး နဲ့ မိဘနဲ့ သားသမီး ကြားမှာရှိတဲ့ ချစ်ခြင်း မေတ္တာတို့ကို တစ်ခန်းနဲ့ တစ်ခန်း မရိုးသွားအောင် ရိုက်ပြထားတဲ့ Drama ဆန်ဆန်ကားလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ အေဒီ နှောင်းပိုင်းကာလမှာ လူသားတွေက ဝံပုလွေကို အရမ်း မုန်းတီးနေကြပါတယ်။ မိန်းကလေးဆိုရင် အိမ်မှူ ကိစ္စပဲ လုပ်ရမယ်ဆိုတဲ့ ခေတ်ကြီးမှာ ရောဘင်လို့ ခေါ်တဲ့ ကလေးမလေးက သူ့အဖေနဲ့ အတူ ဝံပုလွေေတွေကို လိုက်သတ်ချင်တယ်။ အဲ့ဒါနဲ့ တစ်နေ့မှာ အဖေ့နောက် ခိုးလိုက်ရင်း တောထဲမှာ သူနဲ့အသက်သိပ်မကွာတဲ့ မေ့ဆိုတဲ့ ဝံပုလွေစောင့်ရှောက်သူနဲ့ ခင်သွားတယ်။ တစ်တိုင်းပြည်လုံးက ဝံပုလွေတွေကို မုန်းတီးနေတာကြောင့် အန္တရာယ်ကင်းအောင် ထွက်သွားဖို့မေ့ကပြောပါတယ်... အဲ့ဒီနောက် ရောဘင် လေးဟာ မမျှော်လင့်ဘဲသိလိုက်ရတာက မေ့ရဲ့အမေဟာ ပြန်မလာတော့ဘဲ ထူးဆန်းစွာနဲ့ပျောက်ဆုံးသွားပါတယ်... မနေနိုင်လွန်းတဲ့ ရောဘင်ဟာ မေ့ရဲ့ အမေကို ပြန်ရှာပေးဖို့ ကတိပေးလိုက်တယ်။ အဲ့ဒီနောက်တော့ ဘာတွေဆက်ြဖစ်မလဲဆိုတာကိုတော့.....ဇာတ်လမ်းကောင်းကောင်းနဲ့ စွန့်စားခန်း Animation ကားတွေကိုမှသဘောကျတဲ့သူတွေအတွက် လက်မလွှတ်သင့်ပါကြောင်း... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Theint Theint ပဲဖြစ်ပါတယ်... File Size :(900 MB) and (380 MB) Quality : WEB-DL 720p Format…mp4 Duration…01:43:00 Genre : Animation, Adventure, Family Subtitle : Myanmar Subtitle (Hard Sub) Translated by Theint Theint Encoded by Phyo Pyae
| Provider | Resolution | File Size | |
|---|---|---|---|
| 720p | Download | ||
| 720p | Download |