| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 1080p | Download | ||
| 720p | Download | ||
| 720p | Download |

ရုပ်ရှင်လောကက အနားယူထားပေမယ့် တစ်လတစ်ကား မှန်မှန်ထွက်နေတဲ့ မင်းသားကြီး ဘရုစ်ဝီလီရဲ့ လစဉ်ထုတ် အက်ရှင်ကားသစ် အကြမ်းစားကြီးရပါပြီ။ မင်းသားကြီးက နောက်ပိုင်းကားတွေမှာဆိုရင် ပိုစတာထဲ မျက်နှာလေးဝင်ပြပြီး မင်းသားငယ်လေးတွေကို စင်တင် ပေးနေမှန်း ဘရုစ်ဝီလီကားမှန်သမျှ မလွတ်တမ်းကြည့်တဲ့ Hardcore fanကြီးတွေဆိုရင် သိမှာပါ။ ဒီကားမှာလည်း မင်းသားကြီးက ဇာတ်ပို့အဖြစ်ပဲ အားဖြည့်ထားပါတယ်။ အထူးအေးဂျင့် ဂျပ်စတင်ရိုဆာဟာ နိုင်ငံတော်လုံခြုံရေးဌာနကနေ ဒုစရိုက်သမား အကြီးစားတွေကို လျှို့ဝှက်ပြီး စောင့်ကြည့်ရတဲ့ ကင်းထောက်ခန်းမှာ တာဝန်ကျလာရင်း သူတို့စောင့်ကြည့်ရမယ့်သူက လက်နက်နဲ့မူးယစ်မှောင်ခို ခေါင်းဆောင် အက်ဒီဖလင်းပါ။ သူတို့အနေနဲ့ အက်ဒီကို ဖမ်းဆီးဖို့ စောင့်ကြည့်ရင်း သူမသေအောင်ပါ ကာကွယ်ပေးရမှာပါ။ ဘာလို့လဲဆိုတော့ အက်ဒီဆီမှာFBIဘက်က အရမ်းလိုချင်နေတဲ့ အကျင့်ပျက်ရဲဝန်ထမ်းတွေရဲ့စာရင်း ရှိနေတာပါ။ ဒီလိုနဲ့ပဲ ပြဿနာပေါင်းစုံ တက်နေတဲ့ အက်ဒီဖလင်းကို အေးဂျင့်ရိုဆာတို့ဘက်က ကာကွယ်ပေးဖို့ လုပ်ရသလို တစ်ဖက်မူးယစ်ဂိုဏ်းနဲ့ အကျင့်ပျက်ရဲတွေကရှင်းပစ်ဖို့ ကြိုးစားလာတဲ့အခါ ..... အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။ Genre..... Action, Thriller Quality…. 1080p | 720p | 480p File size… 1.29Gb | 676MB | 394MB Format… mp4 Duration….1h 36min Subtitle…. Myanmar Subtitle (Hardsub) Translator ..... JimX Encoder ..... August