
Who invited Charlie? (2023) တွေ့ဆုံမှုတိုင်းက တိုက်ဆိုင်မှုကြောင့်လား။ နှစ်ပေါင်းများစွာရှာနေတဲ့လူတစ်ယောက်ကို ပြန်တွေ့တဲ့အချိန်ဟာ ကိုယ်ရှာနေလို့မဟုတ်ဘဲ ကံတရားဆိုတဲ့ဇာတ်ဆရာအလိုကျ တွေ့တာလား။ ဖစ်လ်ဟာ အကျပိုင်းကိုရောက်နေတဲ့ Fund manager တစ်ယောက်ပေါ့။ မိန်းမဖြစ်သူနဲ့လည်း ဆက်ဆံရေးအဖုအထစ်လေးတွေဖြစ်နေပြီး သားဖြစ်သူကလည်း Separation Anxietyဖြစ်နေတော့ ဖလန်းဖလန်းထတဲ့ ၁၆ နှစ်သားအရွယ်လို့ မထင်ရလောက်အောင် အခန်းအောင်း Introvertလေးတစ်ယောက်ပါ။ အိမ်တွင်းရေးရှုပ်ထွေးတတ်တဲ့ ဘီးကြဲတွေရဲ့ထုံးစံအတိုင်း ဖစ်လ်တစ်ယောက်အပြင်မှာ စကီလေးတစ်ယောက်နဲ့ထားထားပေမဲ့ စကီလေးနဲ့ပါ ပြဿနာဖြစ်နေချိန်မှာ ကံဆိုးမသွားရာ မိုးလိုက်ရွာပါတော့တယ်။ အဲဒါကတော့ သူတစ်ချိန်က အဆက်အသွယ်ဖြတ်ခဲ့တဲ့ချာလီနဲ့မှ တည့်တည့်တိုးခြင်းပါပဲ။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကလိုပဲ ဖစ်လ်တစ်ယောက် ချာလီကိုမြင်တာနဲ့ အကြီးအကျယ်ဖြတ်ချပြီးပြေးဖို့ကြံတာပေါ့။ ကိုဗစ် outbreakနဲ့ဘာနဲ့ Hamptonsမှာ စတေးရှောင်ဖို့ဖြစ်လာတော့ ဖစ်လ်တစ်ယောက် ချာလီကိုမေ့မေ့ပျောက်ပျောက်ပါပဲ။ ဒါပေမဲ့ ချာလီက Hamptonsက သူ့ရဲ့အိမ်ကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်ချလာချိန်မှာတော့…. ဖစ်လ်တစ်ယောက် ချာလီကိုဘာလို့သရဲမြင်သလို ကြောက်လန့်နေရတာလဲ။ ချာလီကရော ဖစ်လ်ကိုဘာလို့အသည်းအသန်လိုက်ရှာနေခဲ့ရတာလဲ။ ပြဿနာအားလုံးရဲ့အရင်းခံဖြစ်တဲ့ တချိန်ကဇာတ်လမ်းလေးတွေရှိခဲ့တဲ့ချာလီက နဂိုထဲက အိမ်တွင်းပြဿနာတွေများနေတဲ့ ဖစ်လ်မိသားစုအပေါ် ဘယ်လိုသက်ရောက်မှုဖြစ်လာစေမလဲဆိုတာ အားလုံးအတူ ကြည့်ရှုခံစားလိုက်ရအောင်ပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။ Genre….. Comedy Quality…. 1080p | 720p | 480p File size… 1.4GB | 822MB | 377MB Format… mp4 Duration…. 1h 41min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mary Christ Encoder ….. Aaron
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.4GB | Download | |
| 1080p | 1.4GB | Download | |
| 1080p | 1.4GB | Download | |
| 1080p | 1.4GB | Download | |
| 720p | 822MB | Download | |
| 720p | 822MB | Download | |
| 720p | 822MB | Download | |
| 720p | 822MB | Download | |
| 720p | 822MB | Download | |
| 720p | 822MB | Download | |
| 480p | 397MB | Download | |
| 480p | 397MB | Download | |
| 480p | 397MB | Download | |
| 480p | 397MB | Download | |
| 480p | 397MB | Download | |
| 480p | 397MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
0.0 / 10
Director