
Where the Tracks End (2023) ~ IMDb rating – 7.2/10 ~ ” လောကကြီးမှာ ရှင်သန်နိုင်ဖို့ ပုတ်သင်ညိုလို ပတ်၀န်းကျင်နဲ့လိုက်ပြီး လိုက်လျောညီထွေနေတတ်ရမယ် ” တဲ့။ ဒီကားထဲက အဓိကကျတဲ့ဒိုင်ယာလော့ပါ။ အဓိပ္ပါယ်ရှိပါတယ်။ ဘ၀မှာ ရေကြည်ရာမြက်နုရာ နေထိုင်ရင်း ဆက်လက်ရှင်သန်ဖို့ ကြိုးစားရမှာပါ။ အေးအေးငြိမ်ငြိမ်လေးကြည့်ရမယ့် စပိန်ကားကောင်းတစ်ကားဖြစ်ပါတယ်။ အီကာဆိုတဲ့ကောင်လေးနဲ့ သူ့သူငယ်ချင်းကလေးတွေက အဓိကဇာတ်လိုက်တွေပါ။ အီကာရဲ့အဖေက ရထားလမ်းဖောက်တဲ့အလုပ်သမားဖြစ်တဲ့အတွက် သူတို့မိသားစုက ရထားလမ်းဖောက်ရာ မြို့တွေတစ်မြို့ပြီးတစ်မြို့ ပြောင်းရွှေ့နေထိုင်ရပါတယ်။ ဒီလိုနဲ့ မက်ဆီကိုက နယ်မြို့လေးတစ်မြို့ကို ရောက်လာပါတယ်။ ဒီနေရာလေးမှာ သူချစ်ခင်ရတဲ့ သူငယ်ချင်းတွေ၊ ဆရာမနဲ့ ခွေးလေးကို ရခဲ့ပါတယ်။ နယ်မြို့လေးဆိုတော့ စာသင်ကျောင်းလေးကလည်း ကျောင်းသားအနည်းစုပဲရှိပြီး ကျောင်းအုပ်ဆရာမတစ်ယောက်တည်းကပဲ စာသင်ပေးပါတယ်။ အဲဒီဆရာမက အီကာကို စာဖတ်တတ်အောင် သင်ပေးပါတယ်။ သူက အီကာကို ပုတ်သင်ညိုတစ်ကောင်လို နေနိုင်ရမယ်လို့ ဆုံးမခဲ့သူပါ။ အီကာချစ်ခင်ရတဲ့ သူငယ်ချင်းတွေလည်းရလာပြီး သူတို့နဲ့ အတူ ကလေးသဘာ၀ဆော့ကစားရင်း အီကာက ဒီမြို့လေးကနေ မပြောင်းချင်တော့ပါဘူး။ ရထားလမ်းဖောက်တဲ့နေရာမှာလည်း အလုပ်ရှင်က အလုပ်သမားတွေကို ညှာတာမှုမရှိဘဲ အလုပ်မြန်မြန်ပြီးအောင် ခိုင်းတာပါ။ နောက်တော့ အီကာမပြောင်းချင်တာကိုသိတဲ့ မိဘတွေက အလုပ်ထွက်ပြီး ဒီမြို့လေးမှာပဲအခြေချဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အီကာပျော်နေတုန်းမှာပဲ သူ့အဖေက အလုပ်ထဲမှာမတော်တဆဖြစ်ပြီးဆုံးသွားတဲ့အခါ….. အဖေမရှိတော့တဲ့အတွက် အီကာတို့သားအမိ ဘယ်လိုဆက်လုပ်ကြမလဲ… အီကာက ဆရာမပြောသလို ပုတ်သင်ညိုလို ဘယ်နေရာမှာမဆို ရှင်သန်နိုင်အောင် ကြိုးစားမှာလား… သိချင်ရင်တော့ ဆက်လက်အားပေးလိုက်ကြပါဦး။ တစ်ခုခုတော့ ရင်ထဲကျန်ခဲ့မှာသေချာပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.95GB, 750MB Quality – 1080p, 720p IMDb Rating – 7.2/10 Format – mp4 Duration – 1H 35Min Genre – Comedy, Drama, Family Subtitle – Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.95GB | Download | |
| 1080p | 1.95GB | Download | |
| 1080p | 1.95GB | Download | |
| 1080p | 1.95GB | Download | |
| 720p | 750MB | Download | |
| 720p | 750MB | Download | |
| 720p | 750MB | Download | |
| 720p | 750MB | Download | |
| 720p | 750MB | Download | |
| 720p | 750MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
7.2 / 10
Director