
When You Finish Saving the World (2022) ငွေဝယ်ကျွန်စနစ်ကို တိုက်ဖျက်ခဲ့တဲ့ အေဘရာဟမ်လင်ကွန်းကို သူ့မိန်းမကတော့ အထင်မကြီဲးနိုင်ခဲ့ဘူးတဲ့။ ကမ္ဘာကြီးကို ပြောင်းလဲပစ်ချင်ကြတဲ့ လူငယ်လေးတွေဟာလည်း ပန်းကန်ဆေးရမှာ သိပ်ပျင်းတတ်ကြတယ်။ အချစ်ထက် ကမ္ဘာကြီးကို ဦးစားပေးခဲ့တဲ့လူတွေလည်း ရှိကောင်းရှိခဲ့မှာပေါ့။ ကိုယ့်အနားကအရာတွေကို ပျောက်ရှသွားရင် ကမ္ဘာကြီးကရော ရှိပါ့ဦးမလား။ အားလုံးရဲ့ကမ္ဘာကို ကယ်တင်ပြီး ကိုယ့်ကမ္ဘာကိုယ် ပျောက်ရှခဲ့ဖူးသူတွေ ရှိလိမ့်မယ်။ ကမ္ဘာကြီးကိုလည်း မကယ်တင်နိုင်၊ ချစ်ခြင်းတရားကိုလည်း မကယ်တင်နိုင်ဖြစ်သွားကြတဲ့ လူတွေလည်းဒုနဲ့ဒေး ရှိနေမလားပဲ။ ကမ္ဘာကြီးကို ကယ်တင်ပြီးတဲ့အခါ ပုံထားတဲ့ ထမင်းပန်းကန်တွေကိုဆေးဖို့ ကမ္ဘာကြီးကို ကယ်တင်ပြီးတဲ့အခါ မွေးထားတဲ့ ကြောင်ကလေးကို ခေါင်းပွတ်ပေးဖို့ ကမ္ဘာကြီးကို ကယ်တင်ပြီးတဲ့အခါ စိုက်ထားတဲ့ သစ်ပင်လေးကို ရေလောင်းပေးဖို့ ကမ္ဘာကြီးကို ကယ်တင်ပြီးတဲ့အခါ ပျိုးထားတဲ့ ငါတို့အတ္တတွေကို ပြန်ငြိမ်းသတ်ဖို့ မတတ်နိုင်တဲ့ ကမ္ဘာကြီးကို ကယ်တင်ပြီးတဲ့အခါ မေ့ထားတဲ့ ငါတို့အနားကအရာတွေကို ပြန်သတိရဖို့အရာ ကမ္ဘာကြီးကို ပြောင်းလဲရင်း ကမ္ဘာကြီးက ငါတို့ကိုပြန်ပြောင်းလဲပစ်နိုင်တာ မမေ့ပစ်သင့်တဲ့ ကမ္ဘာ… A24 ကနေ ဖြန့်ပေးထားတဲ့ အမေရိကန် Coming-of-Age Comedy Drama ကားအသစ်ပါပဲ။ ဘယ် Coming-of-Age ကားနဲ့မှမတူတာတော့ သေချာတယ်။ မူးနောက်လောက်အောင် ပြောတတ်တဲ့ နာမည်ကျော်မင်းသား Jesse Eisenberg ရဲ့ ဒါရိုက်တာအနေနဲ့ ပွဲဦးထွက်တဲ့ ဒီရုပ်ရှင်ဟာ တစ်စိတ်တစ်ပိုင်းအနေနဲ့ ကမ္ဘာကြီးကို ပြောင်းလဲပစ်ချင်ကြသူတွေကို သရော်ထားတဲ့ ရုပ်ရှင်လည်း ဟုတ်တယ်။ Emma Stone ကိုယ်တိုင်လည်း ပရိုဂျူဆာလုပ်ထားပြီး ဂန္ထဝင်မင်းသမီးကြီး Julianne Moore ရဲ့ Acting အလန်းတွေအပြင် Stranger Things ကနေပြီး ဖောက်ထွက်လာခဲ့တဲ့ Finn Wolfhard ကိုလည်း မြင်နေကျပုံစံမဟုတ်တဲ့ပုံစံသစ်တစ်မျိုးနဲ့ မြင်ကြရပါဦးမယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 870MB Quality – 1080p, 720p IMDb Rating – 5.9/10 Format – mp4 Duration – 1H 28Min Genre – Comedy, Drama Subtitle – Myanmar Subtitle (Hardsub) Translated by W Encoded by Y
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.9GB | Download | |
| 1080p | 1.9GB | Download | |
| 1080p | 1.9GB | Download | |
| 1080p | 1.9GB | Download | |
| 1080p | 1.9GB | Download | |
| 1080p | 1.9GB | Download | |
| 720p | 870MB | Download | |
| 720p | 870MB | Download | |
| 720p | 870MB | Download | |
| 720p | 870MB | Download | |
| 720p | 870MB | Download | |
| 720p | 870MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
5.9 / 10
Director