
When Romance Meets Destiny (2005) ********************************** ဒီတစ်ခါမှာတော့ ၂၀၁၅ တုန်းက ထွက်ရှိခဲ့တဲ့ .. အကျင့်စရိုက်လည်း မတူ အချစ်ပေါ်ထားရှိတဲ့ သဘောထားလည်း ကွဲပြားတဲ့ ညီအစ်ကိုနှစ်ယောက်ရဲ့ အကြောင်းကို ရိုက်ကူးထားတဲ့ အချစ်ဟာသကားလေးကို တင်ဆက်ပေးလိုက်ပါတယ်နော် .. ဒီကားလေးထဲမှာတော့ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ Kim Joo Hyuk, Bong Tae Gyu, Lee Yo Won, Kim Ah Joon, Jung Kyung Ho အစရှိတဲ့ သရုပ်ဆောင်တွေ ပါဝင်ထားပါတယ် .. ဇာတ်လမ်းအညွှန်း *************** အစ်ကိုဖြစ်သူ ဂွမ်ရှစ်ကတော့ တအားအရှက်အကြောက်ကြီးပြီး မိန်းကလေးတွေနဲ့ဆို စကားသေချာမပြောရဲတဲ့ လူရိုးလူအေးကြီးပါ .. ညီဖြစ်သူ ဂွမ်ထယ်ကတော့ အစ်ကိုဖြစ်သူနဲ့ မတူဘဲ ရည်းစားထည်လဲတွဲနေတဲ့ လူရှုပ်လူပွေတစ်ယောက်ပေါ့ .. တစ်နေ့မှာတော့ ဂွမ်ရှစ်က တက္ကသိုလ်တက်တုန်းက သူတစ်ဖက်သတ်ကြိုက်ခဲ့ဖူးတဲ့ ဂျူနီယာမလေး ယွန်းဂယောင်းနဲ့ ၇ နှစ်နေမှ ပြန်တွေ့လိုက်ရပါတော့တယ် .. တစ်ချိန်တည်းမှာပဲ ညီဖြစ်သူ ဂွမ်ထယ်ကလည်း မာရသွန်ပြေးပွဲမှာ ဂယောင်းဂျယ်ဆိုတဲ့ ကောင်မလေးနဲ့ ဆုံတွေ့ခဲ့ပါတယ် .. လွန်ခဲ့တဲ့ ၇ နှစ်တုန်းက သူ့ရဲ့ ခံစားချက်တွေကို ဖွင့်ပြောခွင့်မရခဲ့တဲ့ ဂွမ်ရှစ်တစ်ယောက် ဒီတစ်ခါမှာရော ယွန်းဂယောင်းကို ဖွင့်ပြောခွင့်ရသွားမလား…. မိန်းကလေးတွေကို အတည်မတွဲဘဲ ပွေရှုပ်ဖို့လောက်ပဲ တွေးနေတတ်တဲ့ ဂွမ်ထယ်ကရော ဂယောင်းဂျယ်နဲ့ တွေ့ပြီးနောက်ပိုင်းမှာ ဘယ်လိုတွေ ပြောင်းလဲသွားမှာလဲ အစရှိတဲ့ ညီအစ်ကိုနှစ်ယောက်ရဲ့ ကံကြမ္မာ အလှည့်အပြောင်းကို ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုရမယ့်ဇာတ်ကားလေးပဲဖြစ်ပါတယ် .. (အညွှန်းကို May Thet Khaing မှ ရေးသားထားပါတယ်) File size…1.4GB / 663MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 44 min. Genre ….. Comedy, Romance Subtitle….Myanmar Subtitle (Hard Sub) Translated by May Thet Khaing Encoded by AHtet
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.4GB | Download | |
| 1080p | 1.4GB | Download | |
| 1080p | 1.4GB | Download | |
| 1080p | 1.4GB | Download | |
| 720p | 663MB | Download | |
| 720p | 663MB | Download | |
| 720p | 663MB | Download | |
| 720p | 663MB | Download | |
| 720p | 663MB | Download | |
| 720p | 663MB | Download |