
"Have you checked the children?" ဆိုတဲ့ လူထူးလူဆန်းတစ်ယောက်ရဲ့ အသံသြသြကြီးကို ဖုန်းထဲကနေ ကြားလိုက်ရတဲ့အခါ ခေါင်းနားပန်းကြီးပြီး ထိတ်လန့်သွားရှာမယ့် ဆယ်ကျော်သက်အရွယ် ကလေးထိန်း မိန်းကလေးငယ်တစ်ယောက်ရဲ့ ခံစားချက်ကို အပြည့်အဝ သိချင်ရင်တော့ "When a stranger calls" လို့အမည်ရတဲ့ ၂၀၀၆ ခုနှစ်ထွက် horror-suspense- thriller ရုပ်ရှင်ကို ကြည့်ဖို့ ညွှန်းပေးချင်ပါတယ်။ ၄င်းဟာ ၁၉၇၉ မှာ ထွက်ရှိခဲ့တဲ့ "When a stranger calls" ရုပ်ရှင်ကို ပြန်လည်ဆန်းသစ်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဂျေးလ် ဂျွန်ဆန် (Camilla Belle) ဟာ ဆယ်ကျော်သက်အရွယ် ကျောင်းသူလေးတစ်ယောက်ဖြစ်ပြီး အချိန်ပိုင်းကလေးထိန်းအလုပ်ကိုလည်း တွဲဖက်လုပ်ကိုင်ပါတယ်။ တစ်ညနေခင်းမှာ သူမဟာ လူနေအိမ်ခြေ နည်းပါးသောအရပ်မှာ သီးခြားတည်ရှိတဲ့ အလွန်လှပတဲ့ စံအိမ်ကြီးတစ်ခုမှာ ကလေးထိန်းရဖို့ အကြောင်းဖန်လာပါတယ်။ သဘောအလွန်ကောင်းတဲ့ အိမ်ရှင်ဇနီးမောင်နှံဟာ အိပ်ပျော်နေတဲ့ ကလေးငယ်နှစ်ယောက်ကို ကလေးထိန်းလက်သစ်ဖြစ်သူ ဂျေးလ် လက်ထဲအပ်ပြီး ညစာစားပွဲကို ထွက်ခွာသွားကြပါတယ်။ ရည်းစားဖြစ်သူ ဘော်ဘီနဲ့ နားလည်မှုလွဲပြီး စိတ်လေနေတဲ့ ဂျေးလ်ဟာ ထိုအိမ်မှာ ရှိနေစဥ်အချိန်အတွင်း လူစိမ်းတစ်ယောက်ရဲ့ ဖုန်းခေါ်အနှောင့်အယှက်ပေးမှုကို ဆက်တိုက်ဆိုသလို ကြုံတွေ့လာရသောအခါ... ထို အမည်မသိဖုန်းသရဲ ရဲ့ ရည်ရွယ်ချက်... ဂျေးလ်နဲ့ သူထိန်းရမယ့် ကလေးတွေ ကျရောက်လာမယ့် ဘေးအန္တရာယ်မှ လွတ်မြောက်နိုင်ပါ့မလား... ဆိုတာတွေကို လက်တွေ့ သိရှိစေဖို့ "When a stranger calls" လို့အမည်ရတဲ့ ဇာတ်လမ်းလေးကို ကြည့်ရှုခံစားကြပါစို့။ File size…1.51GB / 543.5MB Quality…Blu-Ray 1080p / 720P Format…mp4 Duration….1h 27m Genre ..... Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thae Suu
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 1080p | Download | ||
| 720p | Download | ||
| 720p | Download |