
What Women Want (2000) ~ IMDb - 6.4/10, Rotten Tomatoes - 54% ~ ကမ္ဘာပေါ်က ပုရိသယောက်ျားတိုင်း အဖြေရှာနေဆဲ ဖြစ်တဲ့ မေးခွန်းတစ်ခု ရှိပါတယ်။ အဲဒါကတော့ " မင်းတို့မိန်းမတွေလိုချင်တာဘာလဲ " ဆိုတာပါပဲ။ ဒီမေးခွန်းလေးရဲ့ အဖြေကိုတော့ ဒီဇာတ်ကားထဲက နစ်ခ်မာရှယ်လ် ဆိုတဲ့ ပျိုတိုင်းကြိုက် နှင်းဆီခိုင်ကြီး တစ်ဖြစ်လဲ Mel Gibson ကြီးက သိသွားခဲ့ပါတယ်။ ကြော်ငြာအမှုဆောင် တစ်ယောက်ဖြစ်တဲ့ နစ်ခ်မာရှယ်ဟာ ငယ်ငယ်ကတည်းက အဖေမရှိဘဲ ကြီးပြင်းလာရပြီး ကြီးလာတော့လဲ လူရှုပ်လူပွေတစ်ယောက် ဖြစ်လာပါတယ်။ ကြော်ငြာကုမ္ပဏီတွေ အပြိုင်အဆိုင် ဖြစ်လာကြတဲ့အချိန်မှာ အမျိုးသမီးတွေကို ဦးတည်တဲ့ ကြော်ငြာတွေ ဖန်တီးဖို့အတွက် နစ်ခ် လိုချင်နေတဲ့ရာထူးနေရာမှာ ဒါစီဆိုတဲ့ အမျိုးသမီးတစ်ယောက် ရောက်ရှိလာပါတယ်။ အခဲမကျေဖြစ်နေတဲ့ နစ်ခ်တစ်ယောက် ညဘက် အလုပ်လုပ်ရင်းမှာ မတော်တဆမှုဖြစ်ပြီး အမျိုးသမီးတွေရဲ့ စိတ်ကို ဖတ်နိုင်တဲ့အစွမ်း ရရှိသွားပါတော့တယ်။ ဘာအစွမ်းမှ မရှိခဲ့တဲ့အချိန်မှာတောင် စားဘဲကြီး ပတ်လုပ်နေတဲ့ နစ်ခ်တစ်ယောက်ဟာ အစပိုင်းမှာတော့ သူ့အစွမ်းတွေကြောင့် စိတ်ညစ်နေပေမဲ့ အဲဒီအစွမ်းတွေ အားကိုးနဲ့ပဲ ဘယ်လိုတွေ မွှေနှောက်ပြဿနာရှာရင်း ဘယ်လို လှလှပပလေး ဇာတ်သိမ်းသွားမလဲ ဆိုတာ ကြည့်ရမှာ ဖြစ်ပါတယ်။ ဇာတ်ကားထဲက နစ်ခ်ကတော့ မိန်းမတွေ လိုချင်တဲ့အရာကို ကောင်းကောင်းကြီး သိသွားပါပြီ။ ခင်ဗျားတို့ ကျွန်တော်တို့ကတော့ "မင်းတို့ မိန်းမတွေ လိုချင်တာ ဘာလဲ" ဆိုပြီး မေးနေကြတုန်းပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Chuck မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.15GB, 915MB Quality - 1080p, 720p IMDb Rating - 6.4/10 Format - mp4 Duration - 2H 7Min Genre - Comedy, Fantasy, Romance Subtitle - Myanmar Subtitle (Hardsub) Translated by Chuck Encoded by Y