
သင်သာ ကျောင်းသားကား Teen Drama မျိုးကို ကြိုက်နှစ်သက်သူ ဖြစ်တယ်ဆိုရင် ဒီကားဟာ သင့်အတွက်ပါပဲ။ Mystery, Thriller အမျိုးအစားလည်းဖြစ်တာမို့ ပျင်းရိစရာမကောင်းပါဘူး။ မားကပ်စ်ဟာ ဘယ်တီမိုး အထက်တန်းကျောင်းမှာ ပထမနှစ်တက်နေတဲ့ ကျောင်းသားတစ်ယောက်ပါ။သူ့မှာ အလယ်တန်းကျောင်းကတည်းက ခင်ခဲ့တဲ့ အချစ်ဆုံးသူငယ်ချင်း နှစ်ယောက်ဖြစ်တဲ့ ဟော်လီနဲ့ ဂရန့်တ်တို့ ရှိပါတယ်။ ဂရန့်တ်ကတော့ အထက်တန်းမှာ တစ်ခြားကျောင်းကို ပြောင်း သွားခဲ့ပြီး ဘယ်တီမိုးမှာတော့ မားကပ်စ်နဲ့ ဟော်လီတို့သာ ကျန်ခဲ့ပါတယ်။ မားကပ်စ်ဟာ အလယ်တန်းမှာကတည်းက အနိုင်ကျင့်ခံခဲ့ရသလိုမျိုး အထက် တန်းကျောင်းမှာလည်း မဖြစ်ဖို့ မျှော်လင့်ခဲ့ပေမယ့် အဲလိုမျိုး ဖြစ်မလာခဲ့ပါဘူး။ အထက်တန်းမှာ တက်နေရင်း သူ့ကို ငယ်ငယ်က ကလေးထိန်းလုပ်ခဲ့တဲ့ ကက်စီ ဆိုတဲ့ ကောင်မလေးနဲ့ ပြန်တွေ့ခဲ့ပါတယ်။ ကက်စီဟာ မားကပ်စ် အနိုင်ကျင့် ခံနေရတုန်းမှာ ဝင်ပြီး ကူညီပေးခဲ့ပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာတော့ ကျောင်းက အပြန် ကက်စီတစ်ယောက် ပျောက်ခြင်းမလှပျောက်သွားခဲ့ပါတယ်။ ရဲတွေလည်း လိုက်လံရှာဖွေခဲ့ပေမယ့် မတွေ့ခဲ့ပါဘူး။ ဘယ်တီမိုးမြို့မှာလည်း အရင်က ဒါနယ်လ်ဆိုတဲ့ ဆယ်ကျော်သက် တစ်ယောက်ဟာလည်း သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးခဲ့ရပါတယ်။ မားကပ်စ်လည်း သူငယ်ချင်းဖြစ်သူ ဟော်လီနဲ့အတူ ကက်စီ့ကို ရှာဖွေဖို့ ကြိုးစားတဲ့အခါမှာတော့...... (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Leonard Lin ဖြစ်ပါတယ်) File Size..........(2.34 GB) / (1.0 GB) / (600 MB) Quality............WebRip 1080p / 720p / 480p Duration.........1Hr 50mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Mystery, Thriller Translator.......Leonard Lin Encoder..........SWM