
IMDb 5.6/10 RT – 41% R-rated ဇာတ်လမ်းကတော့ အဆင့်မြင့်နည်းပညာကို ပိုင်ဆိုင်ထားတဲ့ လူတူဂြိုလ်တစ်ခုမှာ စတင်ပါတယ်။ ဂြိုလ်သားတွေက ယောက်ျားတွေချည်းဖြစ်သလို ခံစားချက်လည်းမရှိ၊ ဖွားဖက်တော်လည်း သေးကျုံ့ပျောက်ကွယ်ကုန်လို့ ပုံတူပွားပြီးတော့ပဲ မျိုးပွားကြပါတယ်။ ဂြိုလ်ရဲ့ခေါင်းဆောင်ကြီး (Ben Kingsley)က (ထုံးစံအတိုင်း) ကမ္ဘာကြီးကို အတွင်းလူတွေထည့်ပြီး သိမ်းပိုက်ဖို့ စီစဉ်ထားပါတယ်။ ဒါကြောင့် အကောင်းဆုံးလက်ရွေးစင်တစ်ယောက်ဖြစ်တဲ့ ဟာရိုးလ် (Garry Shandling) အမည်ခံ ဂြိုလ်သားတစ်ယောက်ကို စက်သံမြည်တဲ့ လိင်တန်ဆာတပ်ပြီး ကမ္ဘာမြေပေါ်လွှတ်လိုက်ပါတယ်။ သူ့ရဲ့တာဝန်ကတော့ လူသားအမျိုးသမီးတစ်ယောက်ကို ကိုယ်ဝန်ရအောင်လုပ်ပြီး ကလေးကို ဂြိုလ်ပေါ် ပြန်ခေါ်လာဖို့ပါ။ သူဟာ ဖီးနစ်မြို့ကို ဘဏ်လုပ်ငန်းရှင်အဖြစ် ရောက်လာပြီးတော့ မိန်းမတွေကို လိုက်နူးပါတော့တယ်။ စိတ်ခံစားမှုကလည်း မရှိသလို တစ်ဖက်သားကိုလည်း စာနာတတ်မှုမရှိတဲ့အတွက် သူ့ရဲ့တာဝန်က ထင်သလောက်မလွယ်ဘဲ အခက်တွေ့နေရပါတယ်။ ဒါပေမယ့် လက်ထပ်ပြီးမှ လိင်ဆက်ဆံပါမယ်ဆိုတဲ့ ဆူဆန် (Annette Bening)ဆိုတဲ့အမျိုးသမီးတစ်ယောက်နဲ့ ဆုံရပြီး (လိင်ဆက်ဆံရဖို့အတွက်) လက်ထပ်ခဲ့ပါတယ်။ တစ်ဖက်မှာလည်း ဟာရိုးလ်ကို ဂြိုလ်သားလို့ သံသယရှိနေတဲ့ လေကြောင်းအရာရှိ ရိုလန် (John Goodman)ကလည်း တကောက်ကောက်လိုက်နေပါတယ်။ ဆူဆန်က ကိုယ်ဝန်ဆောင်၊ ကလေးမွေးနိုင်မှာလား၊ ပြီးတော့ ဟာရိုးလ် (နဲ့ ကလေး) သူ့ဂြိုလ်ကို ပြန်ကြမှာလား၊ ဒါမှမဟုတ် ဟာရိုးလ်က ခံစားချက်တွေကို ရှာဖွေတွေ့ရှိပြီး ဂရုစိုက်တတ်လာမှာလား။ ၂၀၀၀ပြည့်နှစ်ဝန်းကျင် ဂြိုလ်သားဇာတ်ကားတွေမှာလိုပဲ ET ရဲ့ အငွေ့အသက် မကင်းရာ မကင်းကြောင်းတွေ မြင်ရမှာပါ။ အကောင်းဆုံးဇာတ်ကား ဇကာတင်တစ်ကြိမ် ဝင်ဖူးတဲ့ ဒီဇာတ်ကားရဲ့ ဒါရိုက်တာကတော့ Mike Nichols ဖြစ်ပါတယ်။ အညွှန်းနှင့်ဘာသာပြန် TLone ဖြစ်ပါတယ်။ File size… (2.1 GB) / (1.1 GB) Quality….HEVC / 1080p HEVC / 720p Format…. mkv/mp4 Duration….01:48:00 Genre… Comedy, Romance , Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Thompson
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.1 GB | Download | |
| 1080p | 2.1 GB | Download | |
| 1080p | 2.1 GB | Download | |
| 720p | 1.1 GB | Download | |
| 720p | 1.1 GB | Download | |
| 720p | 1.1 GB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
0.0 / 10
Director