
7 Wins & 6 Nominations ဝီးလိုးလမ်းမကြီးပေါ်က သရဲခြောက်တယ်ဆိုတဲ့ ဂရေဟမ်မိသားစုပိုင် ခြံစိုက်ခင်းကြီးအကြောင်း တစ်မြို့လုံး သိကြပေမဲ့ ဖခင်ဖြစ်သူ ဂျိုဆိုင်းယား၊ မိခင် မီရီယမ်၊ သားဖြစ်သူ အီလိုင်၊ သမီးဖြစ်သူ မယ်ရီ နဲ့ သားအငယ်ဆုံးလေး တွမ်မီတို့ ငါးယောက်ကြားက အတိတ်ဆိုးကြီးကိုတော့ သိတဲ့သူ မရှိပါဘူး ဘာသာရေး ကိုင်းရှိုင်းပြီး မိသားစုကို ချစ်တတ်တဲ့ မိခင်ဖြစ်သူ မီရီယမ်တစ်ယောက် ဘာကြောင့် ဝက်သစ်ချပင်ကြီးပေါ်မှာ ကြိုးဆွဲချပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားရတာလဲ သွားလေသူ မီရီယမ် ခြောက်လှန့်နေတဲ့ ခြံကြီးထဲမှာ နှစ်ယောက်တည်း ကျန်ခဲ့တဲ့ ဖခင်ဖြစ်သူ ဂျိုဆိုင်းယားနဲ့ သားငယ်လေး တွမ်မီတို့ ဘယ်လို နှစ်ပါးသွားကြမလဲ အိမ်က ထွက်လာပြီးတည်းက လေလွင့်နေခဲ့တဲ့ အီလိုင်တစ်ယောက် လောင်းကစားကြွေးတွေကို ပြန်ပေးဖို့ကြိုးစားရင်း ဘယ်လိုအန္တရာယ်တွေနဲ့ ကြုံရမလဲ ကလေးဘဝက ကြုံခဲ့ရတဲ့ Trauma တွေကြောင့် အိမ်ထောင်သည်ဘဝကို ခက်ခက်ခဲခဲ ဖြတ်သန်းနေရတဲ့ မယ်ရီတစ်ယောက်ရော ဘာဆက်ဖြစ်မလဲ ဒီလိုနဲ့...တစ်ရက်မှာ ရေနံကုမ္ပဏီတစ်ခုကနေ သူတို့ရေနံပိုက်လိုင်းဆောက်ဖို့ အဲဒီခြံကြီးကို ငွေအလုံးအရင်းနဲ့ ဝယ်ဖို့ကြိုးစားလာခဲ့တဲ့အခါ ပိုက်ဆံလိုနေတဲ့ အီလိုင်နဲ့ အတိတ်ကို မမေ့နိုင်သေးတဲ့ မယ်ရီတို့ ခြံကြီးဆီ ပြန်လာကြပါတော့တယ် မောင်နှမသုံးယောက် ပြန်အဆုံမှာ အတိတ်က ဖြစ်ရပ်ဆိုးတွေကို အစပြန်ဖော်မိရင်း ဘာတွေ ဆက်ဖြစ်ကြမလဲဆိုတာကို ရင်တမမနဲ့ ကြည့်ရှုရမှာ ဖြစ်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Leo ပဲ ဖြစ်ပါတယ်။ Genre..... Horror, Thriller Quality…. 1080p | 720p | 480p File size… 1.5GB | 750MB | 320MB Format… mp4 Duration…. 2h Subtitle…. Myanmar Subtitle (Hardsub) Translator ..... Leo Encoder ..... August