
Horror ဝတ္ထုတွေရေးတဲ့ စာရေးဆရာ မိုက်ကယ် ကီဖာဟာ မိခင်ရင်းဆုံးသွားပြီးနောက် သူ့အတွက်ချန်ထားရစ်ခဲ့တဲ့ အမွေတွေကိုလက်ခံယူဖို့အတွက် UK ကျေးလက်ဘက်ကရွာလေးတစ်ရွာကိုရောက်လာခဲ့တယ်ပေါ့နော်။ ကီဖာဟာ ငယ်ကတည်းက မွေးစားဖို့ ပေးပစ်ခံရသူဖြစ်ပြီး မိခင်ရင်းဖြစ်သူအကြောင်း၊ မိခင်ရင်းရဲ့ရွာလေးအကြောင်းကိုလည်း ဘာမှမသိဘူးပေါ့၊ မိခင်ဖြစ်သူသေဆုံးသွားရတဲ့ အကြောင်းအရင်းကလည်း ခွေးကိုက်ခံရလို့ဆိုပြီး ရွာကလူတွေကပြောကြတာပဲ။ နောက်တော့ သူ့မှာမအေတူညီလေးတစ်ယောက်ရှိကြောင်း၊ ရွာထဲမှာလည်း လူတွေကလည်း အမျိုးမျိုးပြောနေတာတွေ ကြုံလာရပြီးတဲ့နောက်မှာတော့ မိုက်ကယ်ကီဖာတစ်ယောက် ဘာတွေဆက်ဖြစ်ဦးမလဲ၊ ရွာထဲကလူတွေက ဘာတွေလျှို့ဝှက်ထားကြတာလဲဆိုတာတော့ ဒီသမန်းဝံပုလွေဇာတ်လမ်းထဲမှာဆက်ကြည့်နိုင်ပါတယ်။ File Size :(1.5 GB) and (682 MB) Quality : WEB-DL 1080P, 720p Format…mp4 Duration…01:48:00 Genre : Comedy , Horror Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae