
Welcome to Valentine (2023) IMDb Rating (5.6) Olivia Lafferty က LA မှာ အောင်မြင်တဲ့ ပန်းချီဆရာမဖြစ်ဖို ကြိုးစားနေတဲ့ အမျိုးသမီးငယ်လေးတစ်ယောက်။ ငွေကြေးအခက်အခဲကြောင့် သူငယ်ချင်း Tess ရဲ့ တိုက်ခန်းမှာ ကပ်နေပြီး ပွဲစားပွဲထိုးအဖြစ်နဲ့ ညမှာအလုပ်လုပ်ရင်း သူ့ဝါသနာနဲ့အိပ်မက်ကို လိုက်နေတဲ့သူတစ်ယောက်ပေါ့။ ဒါပေမဲ့ ကံကြမ္မာက မျက်နှာသာမပေးတော့ Valentine’s Day နေ့မှာ ပြန်နေကျ သူ့မွေးရပ် Valentine မြိုကိုလည်း ပြန်ဖိုလေယာဥ်လက်မှတ်မရှိ၊ သူဌေးသားတစ်ယောက်ကြောင့် လင်ဗန်းမှောက်လို အလုပ်လည်းပြုတ်သွားတဲ့အပြင် သူ့သူငယ်ချင်းကပါ Chicago ကို ပြောင်းနေမှာမို နေစရာပါမရှိတော့တဲ့ဘဝ ဖြစ်သွားတယ်။ အဲဒီမှာ သူ့ကိုအလုပ်ပြုတ်အောင်လုပ်ခဲ့တဲ့ ကျေးဇူးရှင် ဇီဇာကြောင်တဲ့ သူဌေးသား George က ပြန်တောင်းပန်တဲ့အနေနဲ့ Olivia ကို သူ့ကားနဲ့လမ်းကြုံ Valentine ကို လိုက်ပိုပေးရပါတော့တယ်။ သူ့သူငယ်ချင်း Tess ရဲ့ ဝမ်းကွဲဖြစ်နေတဲ့ George က Olivia နဲ့ Tess သူငယ်ချင်းနှစ်ယောက်ကို သူ့ကားပေါ် လမ်းကြုံအတူခေါ်ပြီးနောက်မှာတော့… ပန်းချီဆရာမအိပ်မက်အတွက် ကြိုးစားရုန်းကန်နေတဲ့ Olivia နဲ့ ဇီဇာကြောင်တဲ့သူဌေးသား George ရဲ့ အချင်းချင်းအပေါ် အမြင်ကတ်မှုတွေက Valentine’s Day နေ့ထိ ခံမလားဆိုတာကို ဆက်လက်ကြည့်ရှုရမဲ့ ဟာသတွေနဲ့ အချစ်ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size…(1.2 GB) / (730 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Romance Duration….01:25:17 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Thwal Htoo Zin