
Wedding Dress (2022) ဂျိုအန်က မင်္ဂလာဝတ်စုံတွေရောင်းတဲ့ဆိုင်က ဒီဇိုင်နာလက်ထောက်တစ်ယောက်ပါ။ သူ့မှာ ကာလာလို့ခေါ်တဲ့ သမီးငယ်လေးတစ်ယောက်ရှိပြီး ယောက်ျားကဆုံးပါးသွားပြီဖြစ်တဲ့ တစ်ကိုယ်ရည်မိခင်တစ်ယောက်ပါ။ သူ့ယောက်ျားက သူတို့မင်္ဂလာနှစ်ပတ်လည် ၁၀နှစ်မြောက်ကျရင် Wedding Dress လေးရစေရမယ်လို့ ကတိပေးခဲ့တာကြောင့် ဒီအိပ်မက်လေးကိုလည်း ဆက်ပြီးဖက်တွယ်ထားဆဲပါ။ သူ့မှာဒီဇိုင်းလုပ်လက်စ မင်္ဂလာဝတ်စုံဂါဝန်လေးလည်းရှိနေပါတယ်။ အမေတစ်ခု သမီးတစ်ခုဘဝမို့ စားဝတ်နေရေးအတွက် အလုပ်အမြဲလုပ်နေရပါတယ်။ ဒါပေမဲ့ သမီးလေးကို အရမ်းချစ်ပြီး သမီးအတွက် လိုလေးသေးမရှိ ထားချင်တဲ့ အရာရာမြှုပ်နှံထားတဲ့မိခင်မျိုးပါ။ ဒီလိုကြိုးစားနေတဲ့ ဂျိုအန်တစ်ယောက်ကို ကံကြမ္မာက မျက်နှာသာမပေးခဲ့ပါဘူး။ အကြောင်းကတော့ ဂျိုအန်မှာ ကင်ဆာရှိနေပြီဖြစ်လို့ပါပဲ။ သူက ကင်ဆာဆေးတွေသွင်းပြီးလူမမာအဖြစ်နဲ့ ထွက်ခွာမသွားချင်တာကြောင့် ဆေးမကုဘဲနေဖို့ဆုံးဖြတ်ထားပါတယ်။ ဒါ့ကြောင့် သူမသွားရခင်မှာ သမီးလေးအပေါ် သူလစ်ဟင်းခဲ့တဲ့မိခင်တာဝန်တွေကိုလုပ်ဖို့ အလုပ်ကနေခွင့်ယူပြီး ဟင်းချက်ပေးတာကစလို့ သမီးလေး သူငယ်ချင်းတွေပိုရအောင် မောင်နှမဝမ်းကွဲတွေနဲ့တည့်အောင် ဘဲလေးအကမယ်ပြိုင်ပွဲဝင်ဖြစ်အောင် ကြိုးစားပါတော့တယ်။ မိခင်မေတ္တာနဲ့ သားအမိသံယောဇဉ်ပေါ်လွင်ပြီး ကြည့်ရှုသူတွေကို နွေးထွေးမှုနဲ့ ဝမ်းနည်းမှုတွေတပြိုင်တည်းဖြစ်စေတဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပါပဲ။ စိတ်ခံစားလွယ်တဲ့သူတွေအတွက်ကတော့ တော်တော်လေးမျက်ရည်ကျရမယ့် ရုပ်ရှင်ပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Ingyin San မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.2GB, 554MB Quality – 1080p, 720p Format – mp4 Duration – 1H 47Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Y
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.2GB | Download | |
| 1080p | 1.2GB | Download | |
| 1080p | 1.2GB | Download | |
| 1080p | 1.2GB | Download | |
| 1080p | 1.2GB | Download | |
| 720p | 554MB | Download | |
| 720p | 554MB | Download | |
| 720p | 554MB | Download | |
| 720p | 554MB | Download | |
| 720p | 554MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
0.0 / 10
Director