
IMDb Rating -7/10 Rotten Tomatoes - 75% Wedding crashers ဆိုတဲ့သူတွေက မင်္ဂလာပွဲတွေကို အဖိတ်မခံရဘဲ အပျော်တမ်းလိုက်တက်တဲ့သူတွေ နောက်တစ်နည်းပြောရရင် လူးပါးဝတဲ့သူမျိုးတွေ ဖြစ်ပါတယ် ဒီဇာတ်လမ်းလေးမှာ ကွာရှင်းမှု ကြားဖြေဖျန်ပေးတဲ့အလုပ်လုပ်ကြတဲ့ ငယ်ပေါင်းကြီးဖော် သူငယ်ချင်းနှစ်ယောက် ဂျွန်နဲ့ ဂျရဲမီတို့ဟာ မင်္ဂလာပွဲတွေကို အပျော်တမ်းလိုက်တက်ကြတဲ့ wedding crasher တွေ ဖြစ်ကြပါတယ်။ ဒီအတိုင်းလေး ရှိုးရွတ်ဆိုပြီး ပွဲဝင်တက်ကြတာတော့ မဟုတ်ပါဘူး ၊ သတို့သားနဲ့ အသိလိုလို သတို့သမီးဘက်က အမျိုးလိုလို ဇာတ်ကြောင်းတွေ ဖန်တီးထားကြပြီး မင်္ဂလာပွဲရှင်တွေအကြောင်း စုံစမ်းပြီးမှ ပွဲတက်ကြတာပါ။ အစားအသောက်တွေ အလကားစား ၊ ပွဲက တိုက်တဲ့အရက်တွေ အလကားသောက် ၊ ပွဲမှာ မျက်စိကျမိတဲ့ ခပ်လန်းလန်းကောင်မလေးတွေနဲ့ တစ်ညတာ ပျော်ကြပါးကြနဲ့ ဒီနှစ်ယောက်ကတော့ မိန်းမလိုက်စားတဲ့ ဝါသနာရှင်တွေပဲ ဖြစ်ပါတယ်။ တစ်နေ့မှာတော့ ဘဏ္ဍာရေးဝန်ကြီးက သူ့သမီး မင်္ဂလာပွဲ ကြေငြာလိုက်တော့ ဒီနှစ်ကောင်က အဆင့်တန်းမြင့်မြင့်က ခပ်လန်းလန်းကောင်မလေးတွေနဲ့ ပျော်မယ်ပါးမယ် ကြုံးဝါးပြီး ပွဲတက်လာကြတယ်။ ပွဲရောက်ခါမှ ဂျွန် တစ်ယောက် သတို့သမီးအရံလေးကို တွေ့မိပြီး ချစ်မိသွားလေသောအခါ... ချစ်မိသွားတဲ့ ဝန်ကြီးသမီးဖြစ်သူ ကလဲရာ နဲ့ ... နောက်ကြောင်း အလိမ်အညာဇာတ်ထုပ်ကြီးနဲ့ သူ...သူတို့နှစ်ယောက် ဘာတွေဆက်ဖြစ်ကြမလဲ... ဂျရဲမီ နဲ့ ကလဲရာရဲ့ညီမဖြစ်သူ (စပ်စပ်လူး နတ်ပူး) ဂလော်ရီရာ တို့လည်း တွေ့ဆုံသွားကြပြီး အဲ့မိသားစုနဲ့အတူ အပန်းဖြေအိမ်အထိ ပါသွားပြီး ဘာတွေ ဆက်ဖြစ်သွားမလဲဆိုတာ ကြည့်ရှုလိုက်ပါ ဒီအကြောင်းတွေကို ရယ်စရာမောစရာ ဟာသလေးတွေဘက်ကနေ ရိုမန့်ဆန်ဆန်လေး ရိုက်ကူးပြသွားတဲ့ comedy/romance ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ ဂျရဲမီအဖြစ် မင်းသားကြီး Vince Vaughn နဲ့ ဂျွန်အဖြစ် မင်းသားကြီး Owen Wilson တို့ နှစ်ယောက်အတွဲဆိုရင်တော့ friendship ဇာတ်ဝင်ခန်းတွေ ဟာသဇာတ်ဝင်ခန်းတွေကို ဘယ်လို chemistry မိမိ သရုပ်ဆောင်သွားကြလဲဆိုတာ ပြောပြနေစရာ လိုမယ် မထင်တော့ပါဘူး။ လူတိုင်းသိကြမယ့် Catch me if you can ဇာတ်လမ်းထဲက ဖခင်ကြီး Christopher Walken နဲ့ The notebook မင်းသမီးလေး Rachel McAdams တို့လည်း ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ nominee တွေအများကြီးဝင်ခဲ့ပြီး award တွေ အများကြီးရထားတဲ့အပြင် IMDb Rating 7 အထိ ရရှိထားတဲ့ ဟာသဇာတ်လမ်းကောင်းတစ်ပုဒ်မို့ CM ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါပြီ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားသူကတော့ Orika ဖြစ်ပါတယ်) File size… 2.36GB / 1.05GB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 59m Genre ..... Romance , Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Orika
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.36GB | Download | |
| 720p | 1.05GB | Download | |
| 1080p | 2.36GB | Download | |
| 720p | 1.05GB | Download |