
ဒီတစ်ခေါက်မှာတော့ အမေရိကန် horror/thriller ဇာတ်ကားလေးတစ်ကား မိတ်ဆက်ပေးချင်ပါတယ်။ နည်းနည်းအော်ဂလီဆန်စရာလည်းကောင်းတာကြောင့် အသည်းနုတဲ့သူတွေကြည့်ရင် နည်းနည်းသတိထားဖို့လိုပါလိမ့်မယ်။ ပါကာမျိုးနွယ်မိသားစုဟာ ရှေးခေတ်ရိုးရာအလ့အထကို လက်ခံကျင့်သုံးနေကြတဲ့ မိသားစုတစ်စုဖြစ်ပြီး သူတို့အဲလို ဆိုတာကို တစ်မြို့လုံးကလည်း ဘယ်သူမှမသိကြပါဘူး။ မစ္စတာပါကာရဲ့ သမီးနှစ်ယောက်ဖြစ်တဲ့ အိုင်းရစ် နဲ့ ရို့စ် တို့ဟာ ရုပ်ရောစိတ်ထားပါ လှပတဲ့သူတွေဖြစ်တာကြောင့် မြင်သမျှ လူတိုင်းကလည်း ချစ်ခင်ကြပါတယ်။ ဒါပေမယ့် နောက်ကွယ် မှာတော့ အင်မတန်ကြောက်စရာကောင်းတဲ့ ဓလေ့တစ်ခု သူတို့ဆီမှာရှိနေခဲ့ပါတယ်။ တစ်ရက်ကျတော့ သူတို့ရဲ့ အမေ ဆုံးပါးသွားတဲ့နောက် မိသားစုရိုးရာကို ဆက်ဆံထိန်းသိမ်းဖို့က သမီးကြီးဖြစ်တဲ့ အိုင်းရစ်ပေါ် ကျရောက်လာခဲ့ပါတယ်။ စိတ်နှလုံးဖြူစင်သူတွေအတွက် ဒီကြောက်စရာဓလေ့ကြီး တစ်ခုကိုလက်ခံဖို့ ခက်ခဲလွန်းတာကြောင့် အိမ်ကနေ ရုန်းထွက်ဖို့ကြိုးစားကြမှာဖြစ်ပြီး သူတို့တွေအောင်မြင် သွားကြမလား၊ သူတို့ရဲ့ ကြောက်စရာကောင်းတဲ့ ရှေးခေတ် ရိုးရာဓလေ့က ဘာများဖြစ်မလဲဆိုတာ စိတ်၀င်စားဖို့ ကောင်းလွန်းတာမို့ ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားအဖြစ် ညွှန်းပေးလိုက်ရပါတယ်။ ( ဘာသာပြန်နှင့် အညွှန်းကတော့ Jaka ပဲ ဖြစ်ပါတယ် ) File size…1.54GB / 504MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 45m Genre ..... Horror , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jaka