
ဒီတစ်ခါမှာတော့ CM ရဲ့ Horror ပရိတ်သတ်ကြီးများအတွက် မလေးရှား သရဲကားကောင်းကောင်းလေးကို တင်ဆက်ပေးလိုက် ချင်ပါတယ်။ ဇာတ်ကားနာမည်က မြန်မာလိုဆိုရင်တော့ “သရဲခြောက်တဲ့ရုပ်ရှင်ရုံ” ပါတဲ့။ ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆိုရင် ဟက်တာလို့ခေါ်တဲ့ ကောင်လေးနဲ့ သူ့သူငယ်ချင်းတစ်စုက အာနိုမာလီလို့ခေါ်တဲ့ Ghost hunting YouTube channel တစ်ခုထောင်ထားကြပါတယ်။ မလေးရှားနိုင်ငံအတွင်းက သရဲခြောက်တယ်လို့ နာမည်ကြီးတဲ့ နေရာတွေကိုသွားပြီး သရဲရှာတာမျိုးကို ရိုက်ကူးတင်ဆက်တဲ့ Channel မျိုးပေါ့။ အဲ့ channel က နာမည်ရလာခါစအချိန်မှာ အာနိုမာလီအဖွဲ့သားတွေက လူငယ်တွေဖြစ်တဲ့အလျှောက် သဘောထားမတိုက်ဆိုင်မှုတွေ ပြဿနာကိစ္စအဝဝတွေကြောင့် အဖွဲ့ပျက်သွားခဲ့ပါတယ်။ အာနိုမာလီအဖွဲ့ကိုစတည်ထောင်တဲ့ ဟက်တာတစ်ယောက်တည်းကပဲ ရိုက်ကူးရေးတွေဆက်လုပ်ရင်း တစ်နေ့မှာတော့ ရုတ်တရက်ပျောက်ဆုံးသွားပါတော့တယ်။ အာနိုမာလီ အဖွဲ့သားဟောင်းတစ်ဖြစ်လဲ ဟက်တာရဲ့ညီဖြစ်သူ အာဖစ်က ဟက်တာရဲ့ Laptop ထဲကို ဝင်ကြည့်တဲ့အခါမှာ ဟက်တာနောက်ဆုံး သွားခဲ့တဲ့နေရာဟာ သရဲခြောက်တဲ့ရုပ်ရှင်ရုံဆိုတာကိုသိသွားပြီး အာနိုမာလီအဖွဲ့သားဟောင်းတွေနဲ့ အဲ့နေရာကိုသွားရောက်ရိုက်ကူးဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဇာတ်လမ်းအကျဉ်းကတော့ဒီလောက်ပါပဲ။ ဒီဇာတ်ကားက Found footage horror movie မျိုးဖြစ်တဲ့အတွက် သူတို့ရဲ့ရိုက်ကူးရေးကင်မရာတွေ Cctvကင်မရာတွေ web camတွေ စတဲ့ ကင်မရာ footageမြင်ကွင်း တွေကိုတင်ဆက်ထားတာမို့ ပိုပြီး သဘာဝကျတဲ့ခံစားမှုမျိုးကိုပေးစွမ်းနိုင်မှာပါ။ Horror movieမှာဆို အဆင့်အတန်းတစ်ခုရှိတဲ့ မလေးရှားသရဲကားဖြစ်တဲ့အတွက် horror အရသာကိုကောင်းကောင်းပေးနိုင်မယ့်ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…2.13 GB / 727 MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 28m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.13GB | Download | |
| 1080p | 2.13GB | Download | |
| 1080p | 2.13GB | Download | |
| 1080p | 2.13GB | Download | |
| 1080p | 2.13GB | Download | |
| 720p | 727MB | Download | |
| 720p | 727MB | Download | |
| 720p | 727MB | Download | |
| 720p | 727MB | Download | |
| 720p | 727MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
0.0 / 10
Director