Preparing your cinema experience...

CM တရုတ်ကားချစ်သူတို့ရေ… ဘဝအမောတွေကို ဖြေပေးဖို့ ဟာသကားလေး ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဒီကားလေးကတော့ ရွာသားလေး မောင်ရှီထုံတစ်ယောက်… ကိုယ်ခံပညာကို ရူးသွပ်တဲ့ သိုင်းရူးလေး…. ရွာမှာ ဘာလုပ်လုပ် အမြဲ မှန်မနေတဲ့ တစ်လွဲစိန်လေး… အကြောင်းပဲဖြစ်ပါတယ်… ရွာဖွံ့ဖြိုးတိုးတက်ရေးမှာ ကျောက်သူဌေးဆိုတဲ့ မြို့သူဌေးက ရင်းနှီးမြှုပ်နှံပါမယ်ဆိုတာကို သူ့ကျေးဇူးနဲ့…. မတော်တဆလေးဖြစ်ခဲ့ပြီး…ကျောက်သူဌေးမှာ ထိပ်ပြောင်တဲ့ကြားက မရှိရှိတဲ့ ဆံပင်လေးပါ ကုန်တော့မလိုဖြစ်ခဲ့တယ်… အဲ့ မတော်တဆကြောင့်ပဲ ကျောက်သူဌေးကျန်ခဲ့တဲ့ ပစ္စည်းကို ပြန်ပေးဖို့ ရှီထုံတစ်ယောက် မြို့တက်ဖြစ်ခဲ့တယ်… ဒီလိုနဲ့ ရွာသားလေး ရှီထုံ မြို့မှာ ဘာတွေထပ်လွဲဦးမှာလဲ… ကျောက်သူဌေးလက်ထဲကိုရော ပစ္စည်းရောက်အောင်ပေးနိုင်ပါ့မလား… ရွာသားရှီထုံရဲ့ စွန့်စားခန်းကို CM နဲ့ အတူ ကြည့်လိုက်ရအောင်…