
Batman franchise နဲ့ Peaky Blinders ဇာတ်ကားတွေနဲ့ နာမည်ကြီးတဲ့ မင်းသား Cilian Murphy ရဲ့ 2007 ထွက် Watching The Detectivesဆိုတဲ့ အချစ်ဟာသကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ နီးလ်က ဗီဒီယိုခွေအငှားဆိုင်သေးသေးလေးရဲ့ ပိုင်ရှင်တစ်ယောက်ဖြစ်ပြီး သူ့တစ်ဘဝလုံးကို ဇာတ်ကားတွေကြည့်ရင်း ကုန်ဆုံးလာခဲ့သလို သူ့ရဲ့ထူးဆန်းတဲ့ဝါသနာနဲ့အမြင်ကြောင့် ဘယ်စော်နဲ့မှမမြဲတဲ့ လူပျိုကြီးတစ်ယောက်ဖြစ်ပါတယ်။ ဇာတ်ကားကြည့်မလား စော်နဲ့လည်မလားဆိုရင်တောင် ဇာတ်ကားပဲကြည့်မဲ့သူမျိုးမို့ စော်မမြဲတာလည်း မဆန်းဘူးပေါ့ဗျာ။ ဗိုင်အိုလက်ကတော့ တစ်ရက်မှာ သူ့ဆိုင်ကိုခွေလာငှားရင်း သိကျွမ်းခွင့်ရခဲ့တဲ့ ထူးခြားတဲ့မိန်းကလေးတစ်ယောက် ဖြစ်ပါတယ်။ ငြိမ်ငြိမ်လေးမနေတတ်ဘဲ စွန့်စားခန်းတွေဖွင့်ရတာကိုနှစ်သက်ပြီး သူနဲ့ဝါသနာတစ်စက်ကလေးမှမတူတဲ့ ဗိုင်အိုလက်က သူ့ရဲ့ကိုယ်ရေးကိုယ်တာတွေကိုလည်း ဘာမှပေးမသိထားတာကြောင့် နီးလ်အတွက်တော့ ပဟေဠိတစ်ပုဒ်လိုပါပဲ။ ပဟေဠိဆန်တာတွေကိုမှ စွဲလမ်းတတ်တဲ့လူ့သဘာဝအရ နီးလ်ဟာ ဗိုင်အိုလက်အပေါ်မှာ ထူးထူးခြားခြားငြိတွယ်သွားခဲ့ပါတယ်။ IMDB rating 6.2 အထိရရှိထားပြီး ငယ်ငယ်ကခွေအငှားဆိုင်မှာ ဗီဒီယိုအခွေတွေငှားပြီး အိမ်မှာကြည့်ခဲ့ရတဲ့ငယ်ဘဝကို ပြန်လွမ်းဆွတ်သွားစေမဲ့ ကြည့်လို့ကောင်းတဲ့ကားလေးတစ်ကားပါပဲ။ File size…(1.9 GB)/(960 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:31:00 Genre…Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mariposa
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.9 GB | Download | |
| 1080p | 1.9 GB | Download | |
| 1080p | 1.9 GB | Download | |
| 1080p | 1.9 GB | Download | |
| 720p | 960 Mb | Download | |
| 720p | 960 Mb | Download | |
| 720p | 960 Mb | Download | |
| 720p | 960 Mb | Download | |
| 720p | 960 Mb | Download | |
| 720p | 960 Mb | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
6.2 / 10
Director