
The waitress(2007) ဒီတစ်ခါတော့ IMDb 7/10, Rotten Tomatoes 89% ရရှိထားခဲ့တဲ့ ဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ လူရယ်လို့ ဖြစ်လာရင် ရွေးချယ်မှုဆိုတာရှိကြစမြဲပါ။ ရွေးချယ်ခွင့်မရှိတဲ့အခြေအနေမှာတောင် ရွေးချယ်မှုရှိနေတာပါပဲ။ အရေးကြီးတာက ကိုယ့်ရဲ့ရွေးချယ်ခွင့်ကို ကိုယ်ကိုကိုယ်တိုင်က လက်လွှတ်မခံလိုက်ဖို့ပါပဲ။ ဒီဇာတ်ကားလေးမှာတော့ ဂျန်နာဟာ သိပ်ကိုထိန်းချုပ်တတ်ပြီး တစ်ကိုယ်ကောင်းဆန်လွန်းတဲ့ယောကျာ်းနဲ့ပေါင်းသင်းနေရတဲ့ ပိုင်မုန့်လုပ်ရာမှာ ထူးချွန်လွန်းတဲ့ စားပွဲထိုးမလေးတစ်ယောက်ပါ။ သူမဘဝမှာ အမြဲလိုလို အကြောက်တရားနဲ့ စိတ်ဆင်းရဲမှုတွေနဲ့ပြည့်နေတတ်ပေမဲ့ တစ်ခုတည်းသော ရည်မှန်းချက်လေး ရှိနေပါသေးတယ်။ အဲဒါကတော့ ငွေစုပြီး သူ့ယောကျာ်းဆီက ထွက်ပြေးဖို့ပါပဲ။ ဒါပေမဲ့ နဂိုကံဆိုးတဲ့ဘဝမှာမှ ထပ်ဆင့်ကံဆိုးပြန်ပါတယ်။ အဲဒါကတော့ ကလေးရသွားတာပါပဲ။ သူ့ဘဝက ကံကောင်းချင်ေတာ့ ပိုက်ဆံကောက်ရတယ် ကံဆိုးချင်တော့ ချော်လဲလို့ သုံးလိုက်ရတယ် ဆိုတာမျိုးပါပဲ။ အတက်အကျမဲ့ ကံတောက်လျှောက်ဆိုးနေရာက နောက်ဆုံးတော့ သူ့ရဲ့မီးယပ်ဆရာဝန်နဲ့ ကြိုက်မိသွားပါလေရော။ ဒီလိုနဲ့ တစ်ဖက်ကဆိုးလွန်းတဲ့ယောကျာ်း၊ တစ်ဖက်ကတော့ နူးညံ့တဲ့ဆရာဝန်လေး၊ နောက်တစ်ဖက်ကလည်း လူသိမခံနိုင်တဲ့ ဖောက်ပြန်မှု ဒါတွေကြား ဂျန်နီတစ်ယောက် ဘယ်လိုရွေးချယ်မှုတွေဖန်တီးပြီး အဆုံးသတ်မှာ လွတ်မြောက်ပြီး ပျော်ရွှင်သွားနိုင်မလားဆိုတာတော့ ကိုယ်တိုင်ပဲတက်လက်ကြည့်ရှုအားပေးလိုက်ပါဦးနော်။ File size… 1.8 GB / 968MB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 48m Genre ….. Comedy/Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Aditi
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.8 GB | Download | |
| 1080p | 1.8 GB | Download | |
| 1080p | 1.8 GB | Download | |
| 1080p | 1.8 GB | Download | |
| 720p | 968MB | Download | |
| 720p | 968MB | Download | |
| 720p | 968MB | Download | |
| 720p | 968MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
7.0 / 10
Director