
CMကနေ ဒီတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ ကျောက်ကပ်ဝေဒနာရှင်ကောင်မလေးနဲ့ ဦးနှောက် အကျိတ်ရောဂါသည်ကောင်လေးတို့ကြားက သံယောဇဉ်လေးကို ရိုက်ကူးထားတဲ့ကားလေးပဲဖြစ်ပါတယ် ဇာတ်လမ်းလေးကိုပြောပြရမယ်ဆိုရင် ငယ်ငယ်ရွယ်ရွယ်နဲ့ ကျောက်ကပ်ဝေဒနာကို ခံစားနေရတဲ့ ၂၅နှစ်အရွယ် ကောင်မလေးလင်မင်တစ်ယောက် လူငယ်တစ်ယောက်ရဲ့ လွတ်လပ်မှုတွေပျောက်ဆုံးပြီး အတိုင်းအဆတွေနဲ့ အမှားယွင်းမခံတဲ့လူနေမှုဘဝထဲမှာ နေထိုင်ရင်း အသက်ဆက်ရှင်ဖို့ ကျောက်ကပ်အလှူခံခဲ့ပေမယ့်လည်း သူ့ထက်ရှေ့မှာလူတွေအများကြီးရှိနေတာကြောင့် မျှော်လင့်ချက်မဲ့နေခဲ့တဲ့ သူမ တစ်နေ့မှာတော့ သူမကို ကျောက်ကပ်လှူပေးနိုင်တဲ့ သူနဲ့ လက်ထပ်ယူပြီး အိမ်သားတွေကိုစောင့်ရှောက်ပေးပါ့မယ်ဆိုပြီး အကျိတ်ဝေဒနာရှင်ဂရုထဲကိုဗီဒီယိုပို့လိုက်ရာကနေမှ ဦးနှောက်အကျိတ်ဝေဒနာကိုခံစားနေရတဲ့ကောင်လေး လွီထူနဲ့ စတင်စုံစည်းခဲ့ပါတယ် လင်မင်က ဂရုထဲကို ဗီဒီယိုပို့ပြီး သိပ်မကြာခင်မှာပဲ ပြန်ဖျက်လိုက်ပေမယ့် လွီထူတစ်ယောက်က ဗီဒီယိုကို ကူးထားပြီး လင်မင်ကို သေချာလိုက်စုံစမ်းပါတော့တယ် စစချင်းမှာတော့ ဒီလုပ်ရပ်ဟာ လင်မင်အတွက် စိတ်အနှောင့်ယှက်ဖြစ်စေခဲ့ပေမယ့် အချိန်ကြာလာတာနဲ့အမျှ ဝေဒနာရှင်အချင်းချင်းကိုယ်ချင်းစာပြီး ဖေးမရင်းကနေမှ ချစ်ခြင်းသံယောဇဉ်တွေပေါက်ဖွားလာခဲ့ပါတယ် ဒီလိုမျိုး ဝေဒနာရှင်နှစ်ယောက်ရဲ့ အဆုံးသတ်က လှပနိုင်ပါ့မလား သူတို့နှစ်ဦး ချစ်ခြင်းစွမ်းအားက အရာရာကိုကျော်ဖြတ်နိုင်ပါ့မလား ယနေ့ခေတ်မှာလူအများစုက ကျန်းမာရေးနဲ့မညီညွတ်တဲ့ လူနေထိုင်မှုဘဝနဲ့ကျင့်သားရနေကြပြီး ဒီကားလေးကိုကြည့်ပြီးရင်တော့ ကိုယ့်ကျန်းမာရေးကို ပြန်ပြီးတော့ သတိမူလာမိစေနိုင်လောက်အောင် ကျောက်ကပ်ဝေဒနာရှင်တစ်ယောက်ရဲ့ ဒုက္ခတွေကို အသေအချာလေးရိုက်ကူးပြသထားပြီး ကျန်းမာရေးဗဟုသုတလည်းရ ဟာသအနှောလေးနဲ့ရိုက်ကူးထားတာမို့လို့ ရသမျိုးစုံကိုလည်းခံစားရမှာမို့လို့ တရုတ်ကားကြိုက်တဲ့ ပရိတ်သတ်တွေအနေနဲ့ လက်မလွှတ်သင့်တဲ့ကားလေးကို CMကနေ တင်ဆက်ပေးလိုက်ပါတယ်နော်
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.63 GB | Download | |
| 1080p | 1.63 GB | Download | |
| 1080p | 1.63 GB | Download | |
| 1080p | 1.63 GB | Download | |
| 1080p | 1.63 GB | Download | |
| 720p | 942.4 MB | Download | |
| 720p | 942.4 MB | Download | |
| 720p | 942.4 MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
6.8 / 10
Director