
ဇာတ်လမ်းကို မညွှန်းခင် Rating လေးတစ်ချက်ကြည့်လိုက်ပါဦး IMDB 9.0/10 တဲ့ဗျာ ဒီကားကို စကြည့်ဖြစ်တုန်းကတော့ Tollywood ကားဆိုတော့ ထုံးစံအတိုင်း တစ်ချက်ထိုးလိုက်ရင် လေပေါ်ပျံတာတို့ အားအားနေကနေတို့ ဒါတွေပဲ ဖြစ်မှာပါလို့ ထင်ထားမိတာ အမှားကြီးမှားတာပဲ အိန္ဒိယရုပ်ရှင်ကား တစ်ကားလို့တောင် မထင်ရက်ဘူး ဒီကားကို Bollywood က Reboot ပြန်ရိုက်ဖို့အထိ မျှော်လင့်မိတယ်ဗျာ ကောင်းလား မကောင်းလား မညွှန်းတော့ဘူး တန်းသာဒေါင်းလိုက်တော့ ဒေါင်းရကျိုးနပ်စေရမည်ဗျာ့ ဒုစရိုက်ကားဆိုတော့ ကြည့်ဖူးနေကျ ရုပ်ရှင်ကားတွေလို မှောင်ခိုတွေလုပ် ရဲကဖမ်း ရဲကို ပြန်သတ် သူသေ ကိုယ်သေ ဒါမျိုးလာလိမ့်မယ် ထင်ထားတာ ဒါရိုက်တာက အလှည့်အပြောင်းတွေနဲ့ Crime ကားကို Mystery ဆန်ဆန်လေး တင်ပြသွားတယ် ရဲနဲ့ရာဇာဝတ်ကောင်ကြားကို ယှဉ်ပြတဲ့ အခါမှာလည်း ရဲတစ်ယောက်ရဲ့သားဟာ ရဲဖြစ်သလို အဖေရိုးသားသလို သားဖြစ်သူကလည်း ရိုးရိုးသားသားနဲ့ အမှန်တရားရဲ့ ဘက်တော်သားပီပီ ပုံဖေါ်ထားပြီး လူဆိုးလူမိုက်ကိုလည်း ကျွန်တော်တို့ဆီက ၁ရာဖိုးသုံးပုဒ်တွေလို အထိုးခံခါနီး လူဆိုးပေါ်လာ မိုက်ချင်ရင် စွတ်မိုက် ကြမ်းချင်ရင် စွတ်ကြမ်း မျက်နှာကြီးတွေ ရှုံမဲ့ထားပြီး ငါလူဆိုးပါဆိုတာ နဖူးမှာစာရေးထားသလို ဖြစ်နေအောင် လုပ်ထားမယ်လို့ မျှော်လင့်ထားတာ အိန္ဒိယ ဒါရိုက်တာတွေညံ့ချက် လူမိုက်ရဲ့ ငယ်ဘဝတွေ ညီအစ်ကို သံယောဇဉ်တွေနဲ့ လူမိုက်မှာလည်း ဘဝရှိကြောင်းကို အချိန်ကုန်ခံတင်ဆက်ပေးထားသေးတယ် ? နောက်ဆုံး အကြိုက်တွေ့မိတဲ့ စကားလုံးလေးတစ်ခုလည်း ပြောသွားသေးတယ်ဗျ " ဘဝဆိုတာ ငရဲထဲက ဟာသ တစ်ခု မဟုတ်လား " ဇာတ်လမ်းလေး နည်းနည်း ညွှန်းရအောင် Vikram - ရိုးသားပြီး တာဝန်ကျေပွန်တဲ့ ရဲတစ်ယောက် လူဆိုးမှန်သမျှကို အရှင်ဖမ်းဖို့ အခွှင့်ရေးရရက်တောင် Encoder ဆိုပြီး အသေတွယ်တဲ့ရဲ ငါလူဆိုးမှန်သမျှကို သတ်ပြီးတိုင်း ဘာကြောင့် အိပ်ပျော်လဲသိလား ငါသတ်လိုက်တဲ့ကောင်တွေဟာ အပြစ်ရှိတဲ့ကောင်တွေ ဖြစ်တဲ့အတွက် ရဲဆိုတာ လူတစ်ယောက်ရဲ့ မျက်လုံးခြေအနေကိုကြည့်ရုံနဲ့ လူဆိုးလား လူကောင်းလား ခွဲခြားတတ်သင့်တယ် လူဆိုးမှန်သမျှကိုခြေရာခံလိုက်ပြီး သေပစ်တဲ့ Vikram ရဲ့ အဓိက ပစ်မှတ်က Vedha - လက်ဆလက်နပြင်းတယ် မိုက်တယ် မလိမ်ဘူး မညာဘူး မလှိမ့်တပတ် မလုပ်ဘူး ဗြောင်ရှင်း ဗြောင်ဗြင်းတဲ့လူစား ကိုယ်တိုင် ရာဇဝတ်ကောင်ဖြစ်ပေမဲ့ ညီဖြစ်သူကို သူ့ပတ်ဝန်းကျင်ကိုတောင် မလာခိုင်းပဲ ပညာသင်ပေးထားတဲ့ လူစား တခြား မှောင်ခိုကောင်တွေက ကလေးတွေကို အသုံးချပြီး ပစ္စည်းတွေ အရောင်းအဝယ်လုပ်တာကို မကြိုက်ဘူး အမြဲတန်း ပြသနာတတ်ရတဲ့ လက်မရွံလူစား (စကားလုံးနဲ့ မပြောဘူး လုပ်ရပ်နဲ့ပြသွားတယ် ? ) အဲ့ဒီလို ဗီဒဟ် ဘယ်ရဲမှ သူ့ကို ဖမ်းဖို့မပြောနဲ့ အနံ့တောင် ခံလို့ မရတဲ့အကောင်က ရဲစခန်းကို ကိုယ်တိုင်လာပြီး အဖမ်းခံလိုက်တယ် ဘာကြောင့်ပါလဲ့ Vikram နောက်ဆုံး စီနင်းမှုမှာ ပစ်သတ်လိုက်တဲ့ အထဲမှာ သူ့ညီပါသွားလို့ပဲ ဒုစရိုက်မှုတွေနဲ့ ဝေးဝေးမှာနေတဲ့ Vedha ရဲ့ညီ ဘာကြောင့် လူမိုက်တွေကြားထဲ အသတ်ခံလိုက်ရတာလဲ ဘာကြောင့် သူရှိတဲ့နေရာကို ရဲတွေသိသွားတာလဲ့ Vikram နဲ့ Vedha တို့ ထိပ်တိုက်တွေ့မှုက ဘာတွေ ဖြစ်လာမလဲဆိုတာကိုတော့ " ကျူးလွန်တဲ့သူကို အပစ်ပေးမလား့ စေခိုင်းတဲ့သူကို အပစ်ပေးမလား " #ဇာတ်ဝင်တေး အကြွကြီးကလည်း အားရစရာပါပဲ (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော့ ကိုဇော်ထူးပါ) File Size : (0.99 GB) and (455 MB) Quality : 720p Webdl Running Time : 2hr 20min Format : Mp4 Genre :Action, Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Zaw Htoo Encode by Thanhtike Zaw
| Provider | Resolution | File Size | |
|---|---|---|---|
| 720p | Download |