
Very Ordinary Couple (2013) **************************** IMDb… 6.3 ကျွန်တော်တို့ CM ကနေ ယခု တစ်ခါတင်ဆက်ပေးမဲ့ ဇာတ်ကားကောင်းလေးကတော့ rom-com တွေကိုလည်း ကြိုက်တယ်… drama နဲ့ melodrama ပါမှလည်း ကြည့်ချင်တယ်ဆိုတဲ့ ပရိသတ်ကြီးတွေ အကြိုက်တွေ့စေမဲ့ Very Ordinary Couple ဆိုတဲ့ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ အဓိကသရုပ်ဆောင်တွေအနေနဲ့ Face me ထဲက ဆွဲဆောင်မှုရှိတဲ့ဆရာဝန်အဖြစ် မိန်းကလေးတွေ အသည်းကို ချွေသွားတဲ့ မင်းသား Lee Min Ki နဲ့ မထင်မှတ်ထားတဲ့ လှည့်ကွက်များစွာပါတဲ့ ဇာတ်ကားကောင်းလေး The Handmaiden ထဲက လှပကြော့ရှင်းတဲ့ Lady Hideko အနေနဲ့ သရုပ်ဆောင်ထားတဲ့ မင်းသမီး Kim Min Hee တို့ပဲ ဖြစ်ပါတယ်။ ဘဏ်တစ်ခုတည်းမှာ အလုပ်လုပ်ကြတဲ့ ဂျန်ယောင်း (Kim Min Hee) နဲ့ အီဒုံဟီး (Lee Min Ki) တို့ဟာ ၃ နှစ်တာ ခိုးတွဲခဲ့ကြပြီး လောလောလတ်လတ် လမ်းခွဲထားကြတဲ့ ရည်းစားဟောင်းတွေဖြစ်ကြပါတယ်။ လမ်းခွဲပြီးနောက်ပိုင်း တစ်ယောက်ကို တစ်ယောက် ရွဲ့လွန်းတဲ့အပြုအမူတွေကြောင့် ရုံးအတွင်းမှာလည်း ကောလာဟလမျိုးစုံနဲ့ပေါ့။ အချိန်ကာလတစ်ခုအကြာ တွဲခဲ့ကြတဲ့သူတွေ ဖြစ်တဲ့အလျောက် တစ်ယောက်အပေါ် တစ်ယောက် စိတ်မပြတ်သားနိုင်သေးဘဲ သံယောဇဉ်တစ်ဖြစ်လည်း ချစ်ခြင်းမေတ္တာတွေကျန်ရှိနေသေးတဲ့အခါ… သာမန်စုံတွဲတွေလိုမျိုးပဲ တစ်ကျက်ကျက်ရန်ဖြစ်ပြီး ပြန်တွဲမိမလား အကယ်၍များ ပြန်တွဲဖြစ်ခဲ့ရင်တောင် ဆက်ဆံရေးကြာရှည်ပါ့မလားဆိုတဲ့ အကြောင်းအရာကို မှတ်တမ်းရုပ်ရှင်ပုံစံလေးမျိုးရိုက်ကူးထားတဲ့အပြင် တကယ့် ချစ်သူရည်းစားတွေ ကြားမှာ ဖြစ်တတ်တဲ့ ပြဿနာလေးတွေကိုပါ ထည့်သွင်းထားတာကြောင့် ရည်းစားရှိတဲ့သူတွေရော မရှိတဲ့သူတွေရော ဒီဇာတ်ကားကောင်းလေးကို ကြည့်ရှုသင့်ပါကြောင်း…။ (ဇာတ်လမ်းအညွှန်းကိုတော့ Theint မှ ရေးသားပေးထားပါတယ်။) File Size : 1.83GB/ 780MB Quality : WEB-DL 1080p/ WEB-DL 720p Format…mp4 Duration…01:52:00 Genre : Comedy, Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Theint Encoded by Tiff
| Provider | Resolution | File Size | |
|---|---|---|---|
| WEB-DL 1080p | 1.83GB | Download | |
| WEB-DL 1080p | 1.83GB | Download | |
| WEB-DL 1080p | 1.83GB | Download | |
| WEB-DL 1080p | 1.83GB | Download | |
| WEB-DL 720p | 780MB | Download | |
| WEB-DL 720p | 780MB | Download | |
| WEB-DL 720p | 780MB | Download | |
| WEB-DL 720p | 780MB | Download | |
| WEB-DL 720p | 780MB | Download |