
Vash 2023 မာယာရှင်ရဲ့လှည့်ကွက် သိပ္ပံပညာရဲ့တိုးတက်မှုနဲ့အမျှ အရာရာကို သိပ္ပံပညာနဲ့ဖြေရှင်းလို့ရလာပေမဲ့ အောက်လမ်း အထက်လမ်း သရဲ တစ္ဆေ ပရလောက အစရှိသဖြင့် လောကမှာ သိပ္ပံပညာနဲ့ ရှင်းမရတဲ့ပြဿနာတွေ အများကြီးပါပဲ။ အခုဒီဇာတ်ကားလေးက ဒီလိုဖြစ်ရပ်တွေထဲကတစ်ခုပေါ့။ အာသာဗာက လေယာဉ်မှူးတစ်ယောက်ဖြစ်ပြီး သားဖြစ်သူအန့်ရှ်နဲ့ သမီးဖြစ်သူအာရ်ယာ ဇနီးဖြစ်သူဘီမာနဲ့ အေးချမ်းတဲ့မိသားစုလေးကို ပိုင်ဆိုင်ထားသူလေးပေါ့။ အာသာဗာကတော့ လက်တွေ့သမားပီပီ ဖြစ်ရပ်ဆန်းတွေကို မယုံကြည်တဲ့သူတစ်ယောက်ဆိုလည်း မမှားပါဘူး။ တစ်နေ့ ချောင်ကျတဲ့ရွာတစ်ရွာမှာ ခရီးထွက်ရင်းဖို့လုပ်ရင်း ပရာတာ့ပ်ဆိုတဲ့လူတစ်ယောက်နဲ့ဆုံပြီး ပရာတာ့ပ်ရဲ့ကူညီမှု ဖော်ရွေမှုနဲ့ သူတို့မိသားစု ရင်းနှီးသွားကြတော့တာပေါ့။ ဒါပေမဲ့ မိသားစုထဲကို ပရာတာ့ပ်ရောက်လာပြီးတာနဲ့ အာရ်ယာတစ်ယောက် ထူးဆန်းတဲ့အမူအရာတွေပြလာတဲ့အခါမှာတော့… မိသားစုထဲမှာ ပြဿနာဖြစ်လာချိန်မှာ အိမ်ထောင်ဦးစီးဖြစ်တဲ့အာသာဗာတစ်ယောက် ပြဿနာကို ဘယ်လိုရင်ဆိုင်ဖြေရှင်းသွားမလဲဆိုတာ ရှုစားကြပါဦး။ ( အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamမှဖြစ်ပါတယ်)
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.35GB | Download | |
| 1080p | 1.35GB | Download | |
| 1080p | 1.35GB | Download | |
| 1080p | 1.35GB | Download | |
| 720p | 601MB | Download | |
| 720p | 601MB | Download | |
| 720p | 601MB | Download | |
| 720p | 601MB | Download | |
| 720p | 601MB | Download | |
| 720p | 601MB | Download |