
Varunan (2025) “ရေပဋိပက္ခ” ဒီတစ်ခါတော့ Bollywood ပရိသတ်ကြီးအတွက် တမီလ်စကားပြော အက်ရှင်-ဒရာမာ ဇာတ်လမ်းတစ်ပုဒ်ကို မိတ်ဆက်ပေးချင်ပါတယ်။ ရေရှားပါးမှုပြဿနာကို အခြေခံထားပြီး ဂိုဏ်းနှစ်ဂိုဏ်းကြားကပဋိပက္ခတွေကို လူတွေရဲ့ဖြစ်တတ်တဲ့သဘောသဘာ၀နဲ့ ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းအရ အိန္ဒိယနိုင်ငံက နယ်တစ်နယ်မှာ ရေသန့်ပို့တဲ့လုပ်ငန်းကို ထိန်းချုပ်ထားတဲ့သူနှစ်ဦးရှိပါတယ်။ သူတို့ချင်းနားလည်မှုယူပြီး ကိုယ့်ပိုင်နက်နဲ့ကိုယ် နှစ်ပေါင်းများစွာလုပ်ကိုင်လာကြပေမဲ့ တကယ်တမ်း အလုပ်သမားတွေကြားမှာတော့ ပဋိပက္ခလေးတွေ၊ ရန်စောင်မှုလေးတွေတော့ ရှိပါတယ်။ အဲဒီလိုနဲ့ သူတို့အဖွဲ့နှစ်ဖွဲ့ကြား ဘယ်လိုပြဿနာတွေရှိလာမလဲ၊ ဘာတွေဆက်ဖြစ်လာကြမလဲဆိုတာကို အချစ်၊ ဟာသ၊ အက်ရှင်နဲ့ ဒရာမာရောနှောပြီး ရသစုံအောင် ကြည့်ရှုရမှာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်တွေကတော့ Cym~Alex~ToMo~Star နဲ့ Yunni တို့ ဖြစ်ပါတယ်။)