
Valentine's Day 270ADရောမမှာ ကလောက်ဒီးယပ်စ်ဆိုတဲ့ ဘုရင်အုပ်ချုပ်ခဲ့တဲ့အချိန်ကာလတစ်ခုရှိဖူးပါတယ်။ ကလောက်ဒီးယပ်စ်ဟာစစ်မက်ပြီး ရက်စက်တဲ့ ဘုရင်တစ်ပါးပါ။ သူ့လက်ထက်မှာ စစ်သားတွေကို စိတ်ပျံ့မလွင့်စေဖို့ လက်ထပ်ခြင်းကိုတားမြစ်ခဲ့ပါတယ်။ အဲ့ဒီတစ်ချိန်တည်းမှာပဲချစ်ခြင်းမေတ္တာကို ယုံကြည်တဲ့ စိန့် ဗယ်လ်လင်တိုင်းဆိုတဲ့ ဘုန်းတော်ကြီးတစ်ပါးလည်းရှိခဲ့ပါတယ်။လူတိုင်းကိတိတ်တဆိတ်လက်ထပ်ပေးတဲ့ ဗယ်လင်တိုင်းကိုအကျဉ်းသွင်းလိုက်ပါတယ်။ အကျဉ်းသွင်းခံရတဲ့ ဗယ်လ်လင်တိုင်းဟာ Feb 14 မှာ နှုတ်ဆက်စာရေးပြီးသေဆုံးသွားခဲ့ပါတယ်။ ဒီရုပ်ရှင်ကတော့ ဗယ်လ်လင်တိုင်းဒေးမှာအချစ်ကစွန့်ပစ်သွားတဲ့။ ဗယ်လ်လင်တိုင်းဒေးမှာအချစ်ကို တွေ့ရှိသွားတဲ့။ ဗယ်လ်လင်တိုင်းဒေးမှာ အချစ်ကို စွန့်ပစ်သွားတဲ့ လူတွေအကြောင်းပါ။ဒီရုပ်ရှင်က Fridayလိုမျိုး တစ်ရက်တည်းမှာဖြစ်နေတာတွေကို ရိုက်ပြသွားတဲ့ ရုပ်ရှင်မျိုးပါပဲ။ဒီရုပ်ရှင်ဟာ Ratingမကောင်းလှပေမယ့်Emotional ဖြစ်ပြီး Jessica Alba Anne Hathaway Emma Robertsတို့လိုမမတွေအပြင် Taylor Swift ၊Julia Robertတို့လို နာမည်ကျော်တွေပါ၀င်ထားတဲ့အတွက် ကြည့်ပျော်ပါတယ်။ လူတစ်ဦးချင်း တစ်ယောက်ချင်းစီရဲ့အဖြစ်သနစ်ကလေးတွေကို ဆက်စပ်ပြီးV Day Themeထဲမှာ အီမိုရှင်နယ်ဖြစ်စေတဲ့အခန်းများများသုံးထားတဲ့ ဒီရုပ်ရှင်မှာ ဇာတ်ကောင်တွေရဲ့ မိုးလင်းက မိုးချုပ်Vdayတစ်ရက်တာ ဘယ်လိုပြီးဆုံးသွားလဲ တရိပ်ရိပ်ခံစားရမှာပါ။လူရဲ့တစ်နေ့တာဟာပြဿနာတွေနဲ့စပြီး ပြဿနာတွေနဲ့ပဲဆုံးတတ်တဲ့ သဘာ၀တော့ရှိပါတယ်။ ကျွန်တော်တို့ရဲ့ V dayကရောဘယ်လိုများပြီးဆုံးသွားပါသလဲဆိုတာဒီရုပ်ရှင်အပြီးသတ်မှာ တစိမ့်စိမ့်ပြန်တွေးကြည့်ရင် အတော်တဿဖွယ်ကောင်းပါတယ်။စကားမစပ်ဗျာ ဒီရုပ်ရှင်ရဲ့ ရသအပြည့်အ၀ကို ဒီညမှာပဲရနိုင်မှာပါ။ File size__( 1.1 GB) Quality__Blu-720p IMDb Rating__5.7/10 Format__mp4 Duration__02:04:39 Type__Comedy, Romance Subtitle__Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Naing Aung Latt
| Provider | Resolution | File Size | |
|---|---|---|---|
| 720p | Download | ||
| 720p | Download |