
Adelaide ဆိုတဲ့ မိန်းကလေးတစ်ယောက်နဲ့ ဇာတ်လမ်းစပါတယ်။ သူငယ်ငယ်က မိဘတွေနဲ့ Santa Cruz ကမ်းခြေမှာ အပန်းဖြေထွက်ရင် တစ်ယောက်ထဲ လျှောက်သွားရာက လမ်းပျောက်သွားတယ်။ Hall of Mirrors ထဲရောက်သွားပြီး အထဲမှာ သူနဲ့ တစ်ထေရာထဲတူတဲ့ ကလေးမလေးတစ်ယောက်နဲ့ တွေ့ခဲ့ရတယ်။ အဲအတွက် Adelaide ဟာ စိတ်ဒဏ်ရာတွေရပြီး တော်တော်ကြာစကားမပြောတတ်တော့ပါဘူး။ မိဘတွေက ဆရာဝန်တွေနဲ့ပြပြီး သူ့စိတ်ပုံမှန်ပြန်ဖြစ်အောင် ဝိုင်းကြိုးစားခဲ့ရတယ်။ အခုလက်ရှိအချိန်ရောက်လာတော့ လင်နဲ့ သားနဲ့ဖြစ်နေပါပြီ။ကလေး ၂ ယောက်ရနေတဲ့အထိ Adelaide က traumatic ဖြစ်နေတုန်းပါ။ သားဖြစ်သူ Jason က ကမ်းခြေသွားချင်တယ်ဆိုလို့မသွားချင်သွားချင်နဲ့ လိုက်သွားခဲ့တယ်။ဒါပေမဲ့ သူ့စိတ်ထဲမှာကြောက်နေတုန်း။ညကျတော့ သူ့ယောကျင်္ားကို သူငယ်ငယ်ကအကြောင်း ပြောပြတယ်။ အဲဒီ သူနဲ့တစ်ပုံတည်းဖြစ်နေတဲ့ ကောင်မလေးက သူ့ကိုဒုက္ခပေးဖို့ ရောက်လာတော့မယ်လို့ ခံစားနေရတယ်ဆိုပြီး။ မကြာပါဘူး သူတို့မိသားစုနဲ့ တစ်ပုံထဲတူတဲ့ လူတစ်အုပ်ရောက်လာ ခဲ့သောအခါမှာတော့.... (ရုပ်ရှင်အညွှန်းအား DatShin Page မှ ကူးယူဖော်ပြပါသည်။ ) (စပွိုင်လာဖြစ်မှာစိုး၍ ပိုစ်အား အနည်းငယ်ဖြတ်တောက်ထားပါသည်) ရုပ်ရှင်အား Little Neo မှ ဘာသာပြန်ပေးထားပါတယ်
| Provider | Resolution | File Size | |
|---|---|---|---|
| 720p | Download |