
ဒီတစ်ခါမှာတော့ IMDb 6.6 ရရှိထားတဲ့ Psychological Thriller ဇာတ်ကားကောင်းတစ်ကားတင်ဆက်ပေးလိုက်ပါတယ်။ ဒါရိုက်တာကတော့ Steven Soderbergh ဖြစ်ပြီးတော့ Clarie Foy က ခေါင်းဆောင်မင်းသမီးနေရာကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ထူးခြားချက်တစ်ခုအနေနဲ့ကတော့ နာမည်ကျော်ကြီး Matt Damon ဟာ ဒီဇာတ်ကားမှာ ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ထားပါသေးတယ်။ ဇာတ်လမ်းအကျဉ်း ========== Sawyer Valentini ဟာ ဘဏ်ဝန်ထမ်းတစ်ဦး၊ သူ့မှာနောက်ယောင်ခံလိုက်တဲ့သူရှိတယ်လို့ ထင်ယောင်ထင်မှားဖြစ်နေတာကြောင့် လုပ်လက်စအလုပ်တွေကိုပါပစ်တခြားမြို့ကိုပြောင်းပြီး အဲဒီစိတ်ရောဂါကို ပျောက်အောင်ကုဖို့ကြိုးစားတယ်။ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုသလိုပဲ သူဆေးကုသမှုခံယူမယ့်ဆေးရုံကအာမခံကြေးလိုချင်တာကြောင့် လာသမျှလူနာကို အရူးတံဆိပ်ကပ်ပြီး အာမခံကြေးရမှ ပြန်လွှတ်ပေးတဲ့ဆေးရုံဖြစ်နေတယ်။ သူဟာ အဲဒီဆေးရုံမှာ အလိုမတူဘဲ ဘုမသိဘမသိနဲ့ စိတ်ရောဂါဝေဒနာရှင် အမည်ခံပြီးဆေးကုသမှုကိုတစ်ပတ်ခန့်ခံယူဖို့အကြောင်းဖန်လာတော့တယ်။ ပိုဆိုးတာက အဲဒီဆေးရုံကဝန်ထမ်းတစ်ဦးက သူ့ကိုနောက်ယောင်ခံလိုက်နေတဲ့David Strine ဆိုတဲ့လူဖြစ်နေတဲ့အခါမှာတော့...။ အကုသိုလ်အပြွှတ်လိုက်ဝင်နေတဲ့ မင်းသမီးတစ်ယောက်အခက်အခဲတွေကိုကျော်ဖြတ်နိုင်မလား မကျော်ဖြတ်နိုင်ဘူးလာဆိုတာကိုတော့ရင်တထိတ်ထိတ်နဲ့ကြည့်ရမှာပဲဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုမျိုးသန့်ပါ) File Size : (800 MB) and (360 MB) Quality : Blu-Ray 720p Running Time : 1h 38min Format : Mp4 Genre : Horror, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-DRONES Translated by Myo Thant Kyaw Encoded by Thanhtike Zaw
| Provider | Resolution | File Size | |
|---|---|---|---|
| 720p | Download |