
ဒီရုပ်ရှင်က Universal Soldier (1992) ရဲ့အဆက် ဇာတ်လမ်းဖြစ်ပြီး ဗန်ဒိန်းက အဓိကဇာတ်ကောင် Luc အဖြစ် သရုပ်ဆောင်ထားပါတယ်။ ပထမရုပ်ရှင်အပြီး နှစ်အတန်ကြာကာလမှာ ဇာတ်အိမ်တည်ထားတာဖြစ်ပါတယ်။ ၁၉၉၂ ဇာတ်ကားနဲ့ အခု ၁၉၉၉၊ ဇာတ်ကားကြားမှာ ထွက်ရှိခဲ့တဲ့ Universal Soldier နှစ်ကားကတော့ ရုပ်သံလိုင်းအတွက် ရိုက်ကူးခဲ့တဲ့ဇာတ်ကားတွေဖြစ်ပြီး Luc နေရာမှာ ဗန်ဒိန်းမဟုတ်တဲ့အပြင် အဲဒီနှစ်ကားက အဖြစ်အပျက်တွေကို အခု Universal Soldier : The Return မှာ ထည့်သွင်းစဉ်းစားထားခြင်းမရှိတဲ့အတွက် Universal Soldier franchise ရဲ့ လေးကားမြောက်ရုပ်ရှင်ဖြစ်ပေမဲ့ အထက်က နှစ်ကားကိုပယ်ပြီး ဒုတိယမြောက်ဇာတ်ကားအဖြစ် သတ်မှတ်ရင်လည်းရပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ပထမဇာတ်ကားအပြီး Luc ရဲ့ရန်သူတော် GR 13 သေဆုံးပြီးတဲ့နောက်မှာ Luc ဟာ Veronica နဲ့ လက်ထပ်ပြီး သမီးတစ်ဦးဖွားမြင်ပါတယ်။ Veronica ကွယ်လွန်ပြီးနောက်မှာတော့ Luc ဟာ အစိုးရနဲ့ပူးပေါင်းပြီး ဒေါက်တာ Cotner နဲ့အတူ UniSol စီမံကိန်းမှာပါဝင်ဆောင်ရွက်နေခဲ့ပါတယ်။ Universal Soldiers တွေဟာ အရင်ကထက် အဆင့်မြင့်လာပြီး ပိုမိုသန်မာမြန်ဆန်လာပြီး သူတို့ရဲ့လှုပ်ရှားမှုတွေကို ဒေါက်တာ Cotner တည်ဆောက်ထားတဲ့ SETH လို့ခေါ်တဲ့ ဉာဏ်ရည်မြင့်ကွန်ပျူတာက ထိန်းချုပ်စောင့်ကြည့်နေပါတယ်။ တနေ့မှာအစိုးရက UniSol စီမံကိန်းကိုဖျက်သိမ်းဖို့ ဆုံးဖြတ်လိုက်ချိန်မှာတော့ SETH က သူ့ရဲ့တည်ရှိမှုကိုခြိမ်းခြောက်တယ်လို့ယူဆပြီး အစိုးရကိုဆန့်ကျင်ကာ Luc တို့ဝန်ထမ်းတွေကိုပါ ရန်မူလာပါတော့တယ်။ စွမ်းရည်မြင့် Universal Soldiers တွေကိုထိန်းချုပ်အမိန့်ပေးနိုင်တဲ့ SETH ရဲ့အကြံကို Luc နဲ့ အမေရိကန်စစ်တပ်တို့ ဘယ်လိုတားဆီးကြမလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ 90s ခုနှစ်တွေက အများအပြားထွက်လေ့ရှိတဲ့ Action/Sci-fi အမျိုးအစားဖြစ်တာကြောင့် ဇာတ်အိမ်မကျယ်ပြန့်ပေမဲ့ ဗန်ဒိန်းရဲ့ အက်ရှင် scene တွေကို တဝကြီးမြင်ရမှာဖြစ်သလို Universal Soldier တွေကလည်း 1992 ကထက် အများကြီးကြမ်းတမ်းလာတာကိုတွေ့မြင်ရမှာပါ။ သမားရိုးကျအက်ရှင်ကားဖြစ်တာကြောင့် ဇာတ်လမ်းက ပုံမှန်အတိုင်းမြင်နေကျဇာတ်လမ်းမျိုးဆိုပေမဲ့ အက်ရှင်ဇာတ်လမ်းပရိသတ်တွေအတွက်တော့ အချိန်ပေးကြည့်ရှုလို့ကောင်းမဲ့ရုပ်ရှင်ဖြစ်ပါတယ်။ File size…(1.8 GB)/(961 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:22:00 Genre…Action, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Wolfemhein
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.8GB | Download | |
| 1080p | 1.8GB | Download | |
| 1080p | 1.8GB | Download | |
| 1080p | 1.8GB | Download | |
| 720p | 965MB | Download | |
| 720p | 965MB | Download | |
| 720p | 965MB | Download | |
| 720p | 965MB | Download | |
| 720p | 965MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
4.2 / 10
Director