
ဒီရုပ်ရှင်ကတော့ Universal Soldier franchise ရဲ့ ငါးကားမြောက်ရုပ်ရှင်ဖြစ်ပြီး Action/ Sci-fi အမျိုးအစားဖြစ်ပါတယ်။ အရင်ဇာတ်ကားတွေကလို ဗန်ဒိန်းကပဲ Luv အဖြစ် ပါဝင်ထားပြီး သူ့ရဲ့ရန်သူတော် Andrew နေရာမှာ ၁၉၉၂ ရုပ်ရှင်မှာပါဝင်ခဲ့တဲ့ မင်းသားကြီး Lundgren ကပဲထပ်မံပါဝင်ထားပါတယ်။ ဒီဇာတ်ကားက ၁၉၉၂ ရုပ်ရှင်ရဲ့ နောက်ဆက်တွဲဇာတ်လမ်းဖြစ်ပြီး ၁၉၉၉ က Universal Soldier : The Return လိုပဲ ၁၉၉၂ ရုပ်ရှင်ရဲ့နောက်ဆက်တွဲ sequel ဇာတ်ကားဖြစ်ပါတယ်။ ဒါပေမဲ့ ၁၉၉၉ ရုပ်ရှင်နဲ့ မတူညီတဲ့ Alternative story ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ပါဆာလန်လွတ်မြောက်ရေးတပ်ဦးဆိုတဲ့ အကြမ်းဖက်အဖွဲ့က ယူကရိန်းနိုင်ငံဝန်ကြီးချုပ်ရဲ့ သားနဲ့သမီးကို ပြန်ပေးဆွဲပြီး ချာနိုဘိုင်းမြို့ပျက်ကြီးက နျူကလီးယားစက်ရုံဟောင်းမှာ ထိန်းသိမ်းထားပါတယ်။ယူကရိန်းဝန်ကြီးချုပ်က သူတို့တောင်းဆိုတာမလိုက်လျောရင် အဏုမြူဓာတ်ပေါင်းဖိုကို ဖောက်ခွဲပစ်မယ်လို့ ခြိမ့်းခြောက်ပါတယ်။ သူတို့ဘက်မှာ NGU လို့ခေါ်တဲ့ မျိုးဆက်သစ် Universal Soldier တစ်ဦးလည်းရှိနေပါတယ်။ ဇာတ်လိုက်ဖြစ်တဲ့ Luc (ဗန်ဒိန်း)ကတော့ ဆွစ်ဇာလန်မှာ ဒေါက်တာ Flemming ဆိုသူရဲ့ အကူအညီနဲ့ စိတ်ပိုင်းဆိုင်ရာနာလန်ပြန်ထဖို့ ရုန်းကန်နေရပါတယ်။ စက်ရုံကိုသိမ်းပိုက်ပြီး နျူကလီးယားဓာတ်ပေါင်းဖိုပေါက်ကွဲမဲ့ အရေးကို အစိုးရတပ်တွေက ကာကွယ်ဖို့ကြိုးစားပေမဲ့ နောက်ဆုံးပေါ် Universal Soldier ဖြစ်တဲ့ NGU ကြောင့် ရှုံးနိမ့်ခဲ့ရာမှာ မူလလက်ဟောင်း Universal Soldier ဖြစ်တဲ့ Luc ရဲ့အကူအညီကိုရယူဖို့ ကြိုးစားရပါတော့တယ်။ ဇာတ်လမ်းက pace မြန်ပြီး အက်ရှင် scene များသလို ဗန်ဒိန်းကို သူ့ရဲ့နာမည်ကျော် Luc Devereaux ဇာတ်ကောင်အဖြစ် ပြန်မြင်ရမှာဖြစ်လို့ Universal Soldier ရုပ်ရှင်ကားများကို ကြိုက်နှစ်သက်သူများ၊ အက်ရှင်ဇာတ်လမ်းပရိသတ်များ မလွတ်တမ်းကြည့်သင့်တဲ့ဇာတ်ကားဖြစ်ပါတယ်။ File size…(1.7 GB)/(935 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:37:00 Genre…Action, Science Fiction, Adventure, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Wolfemhein
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.7GB | Download | |
| 1080p | 1.7GB | Download | |
| 1080p | 1.7GB | Download | |
| 1080p | 1.7GB | Download | |
| 720p | 925MB | Download | |
| 720p | 925MB | Download | |
| 720p | 925MB | Download | |
| 720p | 925MB | Download | |
| 720p | 925MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
5.3 / 10
Director