
ဒီဇာတ်ကားက နာမည်ကြီး Universal Soldier (1992) ရဲ့ နောက်ဆက်တွဲရုပ်ရှင်ဖြစ်ပြီး ၁၉၉၈ မှာထွက်ရှိခဲ့ပါတယ်။ ရုပ်သံလိုင်းမှာထုတ်လွှင့်ဖို့ ရိုက်ကူးခဲ့တဲ့ ဇာတ်ကားဖြစ်တာကြောင့် ၁၉၉၂ က မူလဇာတ်ကားက သရုပ်ဆောင်တွေအစား အသစ်တွေထည့်သုံးထားပါတယ်။ ဒီဇာတ်လမ်းက ၁၉၉၂ က ရုပ်ရှင်အပြီးမှာ ဇာတ်အိမ်တည်ထားပါတယ်။ Luc နဲ့ သတင်းထောက်မလေး Veronica တို့ဟာ Luc ရဲ့မိဘတွေအိမ်မှာ ပုန်းရှောင်နေကြဆဲဖြစ်ပြီး ယူနီဗာဆယ်စစ်သည်ပရိုဂရမ်ကို အစိုးရက ငွေကြေးမထောက်ပံ့တော့တာကြောင့် ကြေးစားတပ်အဖြစ်ရပ်တည်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ တစ်ချိန်တည်းမှာ လူရဲ့အစ်ကိုဖြစ်ပြီး စစ်ပွဲမှာကျဆုံးခဲ့သူ Eric ဟာ Universal စစ်သည်တွေကို ဖန်တီးနေတဲ့ရန်သူ့လက်ထဲမှာ အထိန်းသိမ်းခံထားရတာကိုသိတဲ့အခါ လုနဲ့ ဗရော်နီကာတို့အနေနဲ့ သူ့ကိုကယ်တင်ဖို့ကြိုးစားရပါတော့တယ်။ တီဗွီမှာပြသဖို့ ရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်တာကြောင့် သရုပ်ဆောင်အသစ်တွေသုံးထားပြီး လု နေရာမှာ မူရင်းသရုပ်ဆောင်သူ ဗန်ဒိန်းအစား တခြားတစ်ယောက်ကိုတွေ့နေရလို့ ဗန်ဒိန်းဖန်တွေအနေနဲ့ ကြည့်ရတာတစ်မျိုးတော့ဖြစ်နေနိုင်ပါတယ်။ ဒါပေမဲ့ Universal Soldier franchise ထဲမှာပါဝင်တဲ့ ဇာတ်ကားဖြစ်တာမလို့ Universal Soldier ရုပ်ရှင်တွေကိုနှစ်သက်ရင် ကြည့်ရှုသင့်ပါတယ်။ ဒီဇာတ်ကားထွက်အပြီး နောက်တစ်နှစ်အကြာ ၁၉၉၉ မှာ ထွက်ရှိခဲ့တဲ့ Universal Soldier : The Return မှာမှ ဗန်ဒိန်းက Luc အဖြစ်နဲ့ပြန်လာမှာဖြစ်ပါတယ်။ File size…(1.8 GB)/(950 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Action, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Wolfemhein
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.8GB | Download | |
| 1080p | 1.8GB | Download | |
| 1080p | 1.8GB | Download | |
| 1080p | 1.8GB | Download | |
| 720p | 950MB | Download | |
| 720p | 950MB | Download | |
| 720p | 950MB | Download | |
| 720p | 950MB | Download | |
| 720p | 950MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
2.8 / 10
Director