
Unexpected Grace (2023) ~ IMDb – 7.4/10, Rotten Tomatoes – 83% ~ ဒီတစ်ခေါက်မိတ်ဆက်ပေးမှာကတော့ 2023 မှာထွက်ရှိထားပြီး Rating လည်းကောင်းတဲ့ Healing ဒရာမာကောင်းလေး The Unexpected Grace ပဲဖြစ်ပါတယ်။ ~ ဇာတ်လမ်းအညွှန်း ~ လွန်ခဲ့တဲ့နှစ်နှစ်က သမီးဖြစ်သူကို ဆုံးရှုံးလိုက်ရပြီး အိမ်ထောင်ရေးမှာပါ အဆင်မပြေဖြစ်ခဲ့ရတဲ့ နိုအဲတစ်ယောက် သမီးမဆုံးခင် သူငယ်ချင်းရှာတဲ့စာနဲ့အတူ လွှတ်တင်လိုက်တဲ့ပူဖောင်းလေးကို ကောင်မလေးတစ်ယောက်က တွေ့သွားပြီးဆက်သွယ်လာတဲ့အခါ… အဖေဖြစ်သူရဲ့အလုပ်ကြောင့် ခဏခဏမြို့ပြောင်းနေရာကနေ သူငယ်ချင်းမရှိလို့ စိတ်ညစ်နေတဲ့ ဂရေ့စ်တစ်ယောက် တစ်နေ့ တိုနီဆိုတဲ့ကောင်မလေးသူငယ်ချင်းရှာထားတဲ့ ပူဖောင်းလေးကိုတွေ့သွားပြီး သူငယ်ချင်းရမယ်အထင်နဲ့ဆက်သွယ်ကြည့်လိုက်တဲ့အခါ… သမီးကသာ သူ့ဘဝ သမီးတစ်ယောက်ကိုသာစိတ်ထဲထားပြီး အလုပ်တွေကြိုးစားနေတဲ့ဂျက်တစ်ယောက် တစ်နေ့ သမီးပျောက်လို့လိုက်ရှာရင်း သမီးရဲ့သူငယ်ချင်းဖြစ်သူက နိုအဲမှန်းသိသွားတဲ့အခါ… သူတို့သုံးယောက်ကြား ခံစားချက်တွေ ဝမ်းနည်းစရာတွေ အတိတ်ကဒဏ်ရာတွေကို တစ်ယောက်ကိုတစ်ယောက် ဘယ်လိုကူညီဖြေရှင်းရမလဲဆိုတာကို ဒရာမာဆန်ဆန်ကြည့်ရှုလို့ကောင်းတဲ့ ဇာတ်လမ်းကောင်းလေး တစ်ပုဒ်ဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.7GB, 685MB Quality – 1080p, 720p IMDb Rating – 7.4/10 Format – mp4 Duration – 1H 24Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by DB Encoded by Y