
Under the Fig Trees (2021) ==================== IMDb Rating – 6.5/10 တူနီးရှားကျေးလက်ဒေသက သဖန်းသီးခြံထဲကို တစ်ရက် လောက် အလည်သွားကြရအောင်… ဒီဇာတ်လမ်းလေးမှာ ကျောင်းပိတ်ရက် သစ်သီးခြံထဲမှာ သစ်သီးခူးရင်းအလုပ်လုပ်ကြတဲ့ လူငယ်လေးတွေရဲ့ တစ် နေ့တာကို ရိုက်ပြထားပါတယ်။ ဇာတ်လမ်းအစမှာတော့ မနက်အရုဏ်တက် သူတို့ကို လာ ကြိုမဲ့ကုန်တင်ကားကို စောင့်ရင်း စကားမမြည်ပြောနေကြ တာနဲ့ အစပြုထားပါတယ်။ ခဏနေတော့ သစ်သီးခြံက သူဌေးရဲ့ ကားရောက်လာပြီး အသီးသီး ကားပေါ်တက်ကြ ပါတယ်။ ဒီထဲမှာ ဖီဒဲဆိုတဲ့ ခပ်သွက်သွက်ပုံစံနဲ့ ကောင်မလေး က သူများတွေလို နောက်မှာမထိုင်ဘဲ ရှေ့ခန်းက သူဌေးဘေးမှာ ဝင်ထိုင်လိုက်ပါတယ်။ ထုံးစံအတိုင်း အနောက်ခန်းကလူတွေ အတွက် အတင်းပြောဖို့ အကြောင်းရသွားတောပေါ့။ ခြံထဲကို ရောက်တော့ သစ်သီးခြင်းတွေ ရေပုံးတွေ တစ်ပင်နဲ့ တစ်ပင်ကူးပြီး သစ်သီးခူးကြပါတော့တယ်။ သူတို့တစ်နေ့တာမှာ အတူအလုပ်လုပ်တဲ့ ကောင်လေးတွေနဲ့ မထိတထိ စကြပြောကြ တာတွေရှိမယ်။ သူတို့အချင်းချင်း အချစ်အကြောင်း အိမ်ထောင် ရေးအကြောင်းတွေ ပြောကြမယ်။ စားကြသောက်ကြရင်း ရယ် စရာလေးတွေ ပြောကြမယ်။ အချင်းချင်း သူ့ရည်းစားကိုယ့်ရည်း စားစွပ်စွဲကြရင် ရန်သတ်ကြတာတွေလည်း ရှိမယ်။ အလုပ်ရှင်ရဲ့ အနိုင်ကျင့်တာ ခေါင်းပုံဖြတ်တာတွေလည်း မြင်ရမှာပါ။ တစ်နေ့ တာရဲ့ အနိမ့်အမြင့် အတက်အကျတွေကြား ဇာတ်လမ်းအဆုံးမှာ တော့ ပျော်ပျော်ပါးပါးပဲ သီချင်းတွေဆိုပြီး အိမ်ပြန်သွားကြပါတယ်။ “Under the Fig Trees” ဆိုတဲ့ နာမည်အတိုင်းပဲ သဖန်းပင်တွေ အောက်မှာ အလုပ်လုပ်ကြတဲ့ လူငယ်လေးတွေရဲ့ တစ်နေ့တာကို တွေ့မြင်ရမှာပါ။ သူတို့အချင်းချင်း ပြောဆိုဆက်ဆံကြတာတွေ၊ ပြောင်းလဲလာတဲ့ခေတ်ရေစီးကြောင်းနဲ့အတူ ပြောင်းလဲလာတဲ့ သူတို့ရဲ့ အမြင်တွေ၊ လူငယ်ပီပီ စိတ်ကစားကြတာတွေ၊ သမီး ရည်းစားဆက်ဆံရေးတွေကို တွေ့ရမှာပါ။ တူနီးရှားကျေးလက်ဒေသ သဖန်းပင်တွေအောက်က လူငယ်လေးတွေရဲ့ တစ်နေ့တာကို ခံစား ကြည့်လိုက်ပါဦးနော်… (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Phu Myat Thwe ဖြစ်ပါတယ်) File Size……….(1.5 GB) / (700 MB) / (395 MB) Quality…………WEB-RIP 1080p / 720p / 480p Duration………1Hr 32Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator…….Phu Myat Thwe Encoder……….SWM
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.5 GB | Download | |
| 1080p | 1.5 GB | Download | |
| 1080p | 1.5 GB | Download | |
| 1080p | 1.5 GB | Download | |
| 1080p | 1.5 GB | Download | |
| 720p | 700 MB | Download | |
| 720p | 700 MB | Download | |
| 720p | 700 MB | Download | |
| 720p | 700 MB | Download | |
| 720p | 700 MB | Download | |
| 480p | 395 MB | Download | |
| 480p | 395 MB | Download | |
| 480p | 395 MB | Download | |
| 480p | 395 MB | Download | |
| 480p | 395 MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
6.5 / 10
Director