
လူမှုကွန်ရက်ဆိုတာ မသမာသူတွေအတွက်သားကောင်ရှာတဲ့နေရာတစ်ခုဖြစ်ပါတယ်။ မိန်းခလေးတွေအနေနဲ့ လူမှုကွန်ရက်ကို အရမ်းမယုံကြည့်ဖို့ ပညာသားပါပါနဲ့ရိုက်ပြထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ပေးလိုက်ရတဲ့အချိန်နဲ့ တန်အောင် မက်ဆေ့တွေအများကြီးပေးထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ဒိုင်းမွန်းကော်လဝေးဆိုတဲ့ IG မော်ဒယ် တစ်ယောက်ဟာ နေ့စဉ်နဲ့အမျှ မိဘရဲ့ချမ်းသာကြွယ်ဝမှုတွေနဲ့ ပျော်ပါးနေခဲ့ပါတော့တယ်။ တစ်ရက်ကျ သူ့ IG မှာ စာတွေပို့ထားတာကို ဖတ်ကြည့်လိုက်ရင်း စဒစ်ခ် ဟဲရစ်စ် ဆိုတဲ့ ထောင်ထဲကကောင်လေးနဲ့ စကားတွေပြောဖြစ်ကြပါတော့တယ်။ စဒစ်ခ်က သူထောင်ကျနေတာဟာ မှာယွင်းစွပ်စွဲခံရလို့ဆိုပြီး ဒိုင်းမွန်းကို သူ့ကိုထောင်ကနေလွတ်အောင် အကူ အညီ တောင်းပါတော့တယ်။ ဒီတော့ အယုံလွယ်တဲ့ ဒိုင်းမွန်းဟာ စဒစ်ခ်ကို ကူညီရင်းနဲ့ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာပဲ ဆက်လက်ကြည့်ရှု့လိုက်ကြပါခင်ဗျာ...... File Size :(2.1GB) and (740MB) Quality :AMZN Web-Dl 1080P,720p Format…mp4 Duration…01:28:00 Genre : Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Proxy Encoded by Phyo Pyae