
ဟောလိဝုဒ်နာမည်ကြီးထုတ်လုပ်သူ၊သရုပ်ဆောင်ဖြစ်တဲ့ တိုင်လာပယ်ရီကိုယ်တိုင် ဇာတ်ညွှန်းရေးရိုက်ကူးတဲ့နောက်ဆုံးထွက်မှုခင်းကားသစ်လေး လာပါပြီ။ ဒီကားရဲ့ဇာတ်အိမ်က အမေရိကန်နိုင်ငံမှာ ၂၀၂၀ခုနှစ်က ဟိုလေးတစ်ကျော်ကျော်ဖြစ်သွားတဲ့ လူဖြူရဲတစ်ဦးက အာဖရိကနွယ်ဖွားGeorge Flyodကို အလွန်အကျွံအင်အားသုံး သတ်ဖြတ်ခဲ့တဲ့ ဖြစ်ရပ်နဲ့ ပုံစံတူနေတာကြောင့် George Flyod ဖြစ်ရပ်ကို စိတ်ဝင်စားရင် ကြည့်သင့်တယ့်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း ရှေ့နေတစ်ဦးဖြစ်တဲ့ မာလေဝဲလ်ဟာ လူဖြူရဲတစ်ဦးရဲ့ အသေပစ်ခတ်ခြင်းခံလိုက်ရတဲ့ သူငယ်ချင်းဖြစ်သူ ရော့နေးဘလက်ဘန်းအတွက် တရားမျှတမှု ယူပေးဖို့ကြိုးစားရင်း ငွေကြေးအခက်အခဲဖြစ်နေတဲ့ ရော့နေး ရဲ့ဇနီးသည်ဖဲလာအတွက်ပါ ကျေအေးငွေလုံလောက်အောင်ရရှိရေး အမှုလိုက်ပေးဖို့ ဖြစ်လာပါတယ်။ ရော့နေးဟာအပြေးလေ့ကျင့်နေတုန်း သံသယဖြစ်ဖွယ်သေနတ်ကိုင်ဆောင်ထားသူလို့ ရဲတိုင်ခြင်းခံလိုက်ရပြီး ရဲတစ်ဦးရဲ့အသေပစ်ခတ်ခြင်းခံလိုက်ရပါတယ်။မာလေဟာ ဒီအမှုကိုကွင်းဆင်းစစ်ဆေးရာမှာ တော့ ကိစ္စတွေဟာ ထင်သလောက်မရိုးရှင်းပဲတစ်ယောက်ယောက်ကကြိုးကိုင်နေတာ သိလိုက်ရပါတယ်။ ဒီလိုနဲ့ မာလေဟာ ဖုံးကွယ်ထားတဲ့ဖြစ်ရပ်မှန်ကိုရည်းစားဖြစ်သူနဲ့ လုပ်ဖော်ကိုင်ဖက်တွေဖြစ်သူရဲ့အကူအညီနဲ့ ဖော်ထုတ်ဖို့ကြိုးစားပါ တော့တယ်။ ဒီဖြစ်ရပ်ရဲ့နောက်ကွယ်မှာ ဘယ်သူတွေရှိနေမှာလဲ ဘာလို့ဒီလိုလုပ်ရတာလဲဆိုတာတော့…. IMDB Rating ကသိပ်အားရစရာမကောင်းပေမယ့် ၂၀၂၅ထွက်ဒီအသစ်စက်စက်မှုခင်းကားဟာ ကြည့်သင့်တဲ့ ကားတစ်ကားဖြစ်ပါတယ်။အမေရိကန်ခေတ်သစ်လူ့အဖွဲ့အစည်းရဲ့ ပြသာနာဖြစ်တဲ့ လူမှုရေးဖောက်ပြန်မှု တွေကို မီးမောင်းထိုးပြထားပြီး သာမာန်လူတွေရဲ့လူမှုရေးပြသာနာကနေ နိုင်ငံရေး အထိပါလာရောက်ရိုက်ခတ်ပုံကို ရိုက်ပြထားပါတယ်။ ဒါအပြင်လူဖြူရဲတွေရဲ့ လူမည်းတွေအပေါ်အလွန်အကျွံအင်အားသုံးမှုတွေရဲ့သက်ရောက်မှုနဲ့ ဒီလုပ်ရပ်တွေရဲ့အကျိုးဆက်တွေဟာ မသမာသူတွေအတွက် ဘယ်လိုအသုံးချစရာဖြစ်လာလဲ ဒီကားမှာ ကြည့်ရပါလိမ့်မယ်။ File size… (1.4 GB) / (820 MB) Quality….HEVC / 1080p HEVC / 720p Format…. mkv/mp4 Duration….01:48:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Swan Yee Myo Thant
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.4 GB | Download | |
| 1080p | 1.4 GB | Download | |
| 1080p | 1.4 GB | Download | |
| 720p | 820 MB | Download | |
| 720p | 820 MB | Download | |
| 720p | 820 MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
0.0 / 10
Director