
ဟင်နရီဘိတ်ကာလို့ခေါ်တဲ့ နာမည်ကျော် ရာဇဝတ်သားတစ်ယောက်ရှိတယ်။ နာမည်ကြီးသလို ရန်သူလည်းများသလို သူ့ပိုင်ဆိုင်မှုတွေနောက် လိုက်နေတဲ့လူတွေလည်း မနည်းဘူး။ သူ့မှာ ဆမ်ဘတ်လို့ခေါ်တဲ့ သူနဲ့ရုပ်ချင်း ချွတ်စွပ်တူနေတဲ့ ညီတစ်ယောက်ရှိတယ်။ ဒီတော့ သူ့ရန်သူတွေဟာ သူ့ညီနဲ့သူ့ကို မှားကြတာပေါ့။ သူတို့နှစ်ယောက်ကြား ရှင်းမရတဲ့ ကိစ္စတစ်ခုဖြစ်လာသလို တစ်ယောက်နဲ့တစ်ယောက် သတ်ဖို့ဖြတ်ဖို့အထိပါ ဖြစ်လာခဲ့တယ်။ ဒီလိုနဲ့ တစ်ယောက်က သေပြီး တစ်ယောက်က ထောင်ကျသွားခဲ့တယ်။ ဒီလိုနဲ့ နှစ်အတော်ကြာပြီး သူတို့သားတွေ အရွယ်ရောက်လာခဲ့တယ်။ အဲဒီအချိန် ထောင်ကျနေတဲ့တစ်ယောက်ကလည်း လွတ်လာခဲ့ပြီ။ သူတို့ကြားက ဇာတ်ရှုပ်ဟာ သူတို့သားတွေလက်ထပ်မှာ ဘာဆက်ဖြစ်ဦးမလဲဇ ကြည့်ရမှာပါ။ ဒီရုပ်ရှင်ဟာ ရှိတ်စပီးယားရဲ့ ဗင်းနစ်မြို့ကကုန်သည်ကိုမသိမသာ အငွေ့ထည့်ထားပြီး ရှိတ်စပီးယားစာသားနဲ့အဆုံးသတ်ထားတဲ့ ရုပ်ရှင်လည်းဟုတ်ပါတယ်။ အမျိုးအစားက သည်းထိတ်ရင်ဖို မှုခင်းကားဖြစ်သလို Plot Twistတွေလည်း ပါတာမို့ စိတ်ဝင်စားစရာအတန်အသင့်ကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါပဲ၊ အက်ရှင်ကားပရိသတ်တွေလည်း ကြည့်စရာထွေထွေထူးထူးမရှီရင် ကြည့်ဖို့တန်တဲ့ ရုပ်ရှင်လည်း ဟုတ်ပါတယ်။ File Size__(1.7GB) / (650MB) Quality__WEB-DL_1080p, 720p IMDb Rating__5/10 Format__mp4 Duration__01:37:00 Type__Thriller Subtitle__Myanmar Subtitle (Hardsub) Translated by --- Encoded by Naing Aung Latt
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 1080p | Download | ||
| 720p | Download | ||
| 720p | Download |