
ဘဝမှာ အရှက်တတ်ဆုံး အကြောက်တတ်ဆုံးအချိန်ကို ပြောပါဆိုရင်တော့ အပျို/လူပျိုဖော်ဝင်စ ၁၃/၁၄ အရွယ်ကို ညွှန်ပြရမှာပါပဲ။ အဲဒီလိုပဲ လူကြီးအဖြစ်ချင်ဆုံးအရွယ်ဆိုရင်လည်း ၁၃/၁၄ ဝန်းကျင်အရွယ်လေးတွေပဲ ဖြစ်မှာပါ။ ဒီကားလေးမှာတော့ လီမေလင်းဆိုတဲ့ ၁၃ နှစ်အရွယ် ကောင်မလေးတစ်ယောက် .... တရုတ်မိသားစုကပေါက်ဖွားလာတော့ တရုတ်ရိုးရာတွေအားလုံးကို နားလည်ထားပြီး ကိုယ်တိုင်လည်း ဘုံကျောင်းကိစ္စတွေကို ဝင်ရောက်ဆောင်ရွက်နေသူပါ။ ဒါပေမဲ့ ဆယ်ကျော်သက်အရွယ်ကလေးပီပီပဲ မြတ်နိုးတန်ဖိုးထားရတဲ့ အဆိုတော်တွေ၊ ရင်ခုန်မိတဲ့ကောင်လေးတွေ ရှိလာပါတော့တယ်။ အဲ့ဒီအချိန် ရှေးရိုးဆန်တဲ့မိခင်ဖြစ်သူနဲ့ ကောင်မလေးရဲ့ ခေတ်ဆန်တဲ့ အတွေးအခေါ်တွေ ဘယ်လို အတိုက်အခံဖြစ်ကြမှာလဲဆိုတာတွေ လီမေလင်းလေးရဲ့ အကြိုက်ဆုံးအဆိုတော်အဖွဲ့ 4-town အဖွဲ့က concert ကျင်းပမှာဆိုတော့ သူ့ခမျာ သွားရဖို့အရေး ကြိုးပမ်းအားထုတ်ရင်းနဲ့ စိတ်အရမ်းလှုပ်ရှားလာတဲ့အခါ လူစင်စစ်ကနေ ပန်ဒါနီအဖြစ် ပြောင်းလဲသွားတတ်တော့ ဘာတွေ ဆက်လက်ကြုံတွေ့ရမလဲဆိုတာတွေ ရှုစားရမှာပါ။ ဇာတ်လမ်းလေးက ရိုးရိုးရှင်းရှင်းလေး ဆိုပေမဲ့ ဆယ်ကျော်သက်မိန်းကလေးတွေ ကြုံတွေ့ရတဲ့ ပထမဆုံးဓမ္မတာလာတဲ့အချိန်တွေ ကိုယ့်ကိုယ် လူကြီးလို့ သတ်မှတ်ချိန်မှာ မိဘတွေက ကလေးလို သတ်မှတ်နေသေးလို့ ကတောက်ကဆဖြစ်ရတာလေးတွေ ဆယ်ကျော်သက်သားသမီးတွေနဲ့ မိဘတွေကြား ရှိတတ်တဲ့ပြဿနာလေးတွေအပြင် သူငယ်ချင်းတွေကြားထဲ ထားရှိကြတဲ့ ဖြူစင်တဲ့အချစ်မေတ္တာကိုပါ ခံစားရမှာဆိုတော့ ဆက်ဆက်ကြည့်ရှုသင့်တဲ့ movie လေး ဖြစ်ပါတယ်။ File size…1Gb / 2.6Gb / 5GB Quality…720p WEB DL / 1080p Web Dl AAC5.1Ch / 4k HEVC True Web DL Format…mp4 / mkv Duration….1h 40mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lai Laii & Myo Myo Htet & Allean & Eliza
| Provider | Resolution | File Size | |
|---|---|---|---|
| 4K | Download | ||
| 1080p | Download | ||
| 1080p | Download | ||
| 720p | Download | ||
| 720p | Download |