
Tune in for Love (2019) ********************** IMDb… 7.2 လမ်းကလေးတစ်ခုမှာ အတူဖြတ်လျှောက်မိကြတဲ့ သူစိမ်းနှစ်ယောက်ဟာ မတော်တဆ အဝတ်အစားအချင်းချင်း ပွတ်တိုက်မိခဲ့ရုံဆိုရင်တောင် အတိတ်ဘဝမှာ သူတို့ဟာ ရေစက်ဆုံခဲ့ကြဖူးလို့ ဖြစ်ပါတယ်။ အကယ်၍များ လူနှစ်ယောက်ဟာ ဖူးစားကံပါပြီး ဘဝတစ်သက်တာ အတူ ဖြတ်သန်းခွင့်ရခဲ့ရင်တော့ သူတို့ဟာ ဘဝပေါင်း ၈၀၀၀ လောက် ရေစက်ဆုံခဲ့ကြဖူးလို့ပါပဲတဲ့။ ချစ်ရသူနဲ့ပေါင်းဖက်ရဖို့က အဲဒီလောက်အထိ ရှားပါးခက်ခဲပါတယ်။ အကြောင်းတစ်စုံတစ်ခုကြောင့် မကိုင်မိတဲ့ ဖုန်းတစ်လုံး၊ မသွားခဲ့မိတဲ့နေရာလေးတစ်နေရာကြောင့် ဝေးရဖို့အကြောင်းဖန်လာခဲ့ရင် ခင်ဗျားတို့ ခံနိုင်ရည်ရှိပါ့မလား… နာမည်ကြီး ထိပ်တန်းမင်းသားမင်းသမီးတွေဖြစ်ကြတဲ့ Jung Hae In နဲ့ Kim Go Eun တို့ကတော့ ဒီလိုသေးငယ်တဲ့ ရွေးချယ်မှုလေးတွေကြောင့် အတူလျှောက်မဲ့လမ်းတွေမှာ အဖော်မဲ့သွားနိုင်ကြောင်းကို ဆွေးမြေ့ချစ်ကြည်နူးဖွယ်ကောင်းအောင် Tune in for love မှာ အတူပုံဖော်ပေးထားကြပါတယ်။ ဇာတ်လမ်းအကြောင်းလေး ပြောပြရရင်တော့ “မီဆူ” ဟာ သူ့အစ်မဖြစ်သူနဲ့ မုန့်ဆိုင်လေးတစ်ဆိုင် ဖွင့်ထားပါတယ်။ အဲဒီမုန့်ဆိုင်မှာပဲ လူငယ်ထိန်းသိမ်းရေးစခန်းက လွတ်မြောက်လာတဲ့ “ဟျွန်းအူ” နဲ့ တွေ့ဆုံကြတယ်ပေါ့နော်။ “ဟျွန်းအူ” တစ်ယောက် မုန့်ဆိုင်လေးမှာ အချိန်ပိုင်းဝင်လုပ်ရင်း “မီဆူ” နဲ့ ရင်းနှီးလာရာကနေ အချင်းချင်း ခံစားချက်တွေဖြစ်တည်လာခဲ့ကြပါတယ်။ သို့သော်လည်း “ဟျွန်းအူ” မှာ လူသိမခံချင်တဲ့ ဆိုးရွားတဲ့ အတိတ်တစ်ခုရှိနေပြီး တစ်နေ့မှာတော့ ရုတ်တရက် မုန့်ဆိုင်လေးကနေ ထွက်ခွာသွားရာက “မီဆူ” နဲ့ အဆက်အသွယ်ပြတ်သွားကြပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ ဇာတ်လမ်းက ဒီမှာတင် အဆုံးမသတ်သေးဘဲ တစ်နေ့မှာ ပြန်ဆုံဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ ရိုးရိုးရှင်းရှင်း အချစ်ဇာတ်လမ်းလေးဆိုပေမဲ့ နာမည်ကြီး မင်းသား မင်းသမီးတွေ ရွေးချယ်ရိုက်ကူးထားတဲ့ ဇာတ်လမ်းဖြစ်တာကြောင့် ရုပ်ရှင်ကြည့်ပရိသတ်ကြီးတို့ စိတ်ပျက်ရမှာ မဟုတ်တာတော့ သေချာပါတယ်။ သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးရဲ့ အဆုံးသတ်ကို သိချင်ရင်တော့ အခုပဲ ကြည့်ရှုဖို့ တိုက်တွန်းချင်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Lai Laii ပဲ ဖြစ်ပါတယ်။) File Size : 2.09GB/ 850MB Quality : BluRay 1080p 5.1CH/ 720p Format…mp4 Duration…02:02:50 Genre : Romance, Life, Drama, Melodrama Subtitle : Myanmar Subtitle (Hard Sub) Translated by Lai Laii Encoded by Tiff
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.09GB | Download | |
| 1080p | 2.09GB | Download | |
| 1080p | 2.09GB | Download | |
| 1080p | 2.09GB | Download | |
| 720p | 850MB | Download | |
| 720p | 850MB | Download | |
| 720p | 850MB | Download | |
| 720p | 850MB | Download | |
| 720p | 850MB | Download |