
သည်းထိတ်ရင်ဖိုကားတွေကို ကြိုက်နှစ်သက်သူတွေအတွက် ၂၀၁၈ ဧပြီ လထဲထွက်ထားတဲ့ Truth or Dare ? ဆိုတဲ့ ဇာတ်ကားလေးတင်ဆက်ပေးလိုက်ပါတယ် မြန်မာနိုင်ငံက ကလေးတွေကစားကြတဲ့ တူတူပုန်းတမ်းလို အနောက်တိုင်းကကလေးတွေ ကစားလေ့ရှိတဲ့ ကစားနည်းတစ်မျိုးကို Truth or Dare ? လို့ခေါ်ပါသတဲ့… တစ်ယောက်က Truth or Dare ? လို့မေးလိုက်ရင်အမေးခံရတဲ့ တစ်ယောက်က Truth ကိုရွေးလိုက်မယ်ဆိုရင် သူဟာ မေးတဲ့မေးခွန်းတစ်ခုကို အမှန်အတိုင်း ဖြေရပါသတဲ့…. Dare ကိုရွေးလိုက်မယ်ဆိုရင်တော့ မေးတဲ့သူစိန်ခေါ်တာ(ခိုင်းတာ)ကို မငြင်းဆန်ဘဲ လုပ်ရတဲ့ ဂိမ်းပါ ဒီပုံစံနဲ့ အလှည့်ကျဆော့ကြတာပေါ့.. ဒီဇာတ်လမ်းထဲမှာ ကျောင်းပြီးတော့မယ့် ကောလိပ်ကျောင်းသားသူငယ်ချင်းတစ်စုဟာ သူတို့ရဲ့နောက်ဆုံး နွေရာသီကျောင်းပိတ်ရက်ကို မက္ကဆီကိုနိုင်ငံမှာ အချိန်ဖြုန်းရင်း ကုန်လွန်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်…. မက္ကဆီကိုရောက်တော့ သူတို့ဟာ လူငယ်တွေပီပီ ကမ်းခြေတွေ ဘားတွေမှာ သောက်စားပျော်ပါးကြရင်း တစ်ညရောက်တော့ ဘားတစ်ခုမှာ သူတို့လိုပဲ လူစိမ်းလူငယ်တစ်ယောက်နဲ့သိကျွမ်းခဲ့ရာက အဲ့ဒီညမှာပဲ ကိုလူစိမ်းရွေးချယ်မှုအရ ဘုရားကျောင်းပျက်ကြီးထဲမှာ သောက်စားကြရင်း ခုနပြောခဲ့တဲ့ Truth or Dare? ဆိုတဲ့ကစားနည်းလေးဆိုဆော့မိကြတဲ့နောက်မှာတော့ ထူးဆန်းတဲ့အဖြစ်အပျက်တွေဟာ သူတို့အိမ်ပြန်တဲ့အထိ နောက်ကလိုက်လာခဲ့ပါတော့တယ်…။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုဇွဲခန့်သွင်ပါ) File Size : (900 MB) and (380 MB) Quality : Blu-Ray 720p Running Time : 1hr 40min Format : Mp4 Genre : Horror, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-GECKOS Translated by Zuel Khant Thwin Encoded by Thanhtike Zaw