
True Crime ဟာ နာမည်ကျော် ဟောလိဝုဒ်ရုပ်ရှင်မင်းသားကြီးClint Eastwood ကိုယ်တိုင် ဒါရိုက်တာအဖြစ်ရိုက်ကူးထားပြီး ဇာတ်ဆောင်မင်းသားအဖြစ်လည်း ပါဝင်ထားတဲ့ Old but Gold မှုခင်းကားကောင်းလေး တစ်ကားဖြစ်ပါတယ်။ အလုပ်ခွင်အခက်အခဲ၊အိမ်ထောင်ရေးအခက်အခဲတွေနဲ့ရင်ဆိုင်နေရပြီး စိတ်လေနေတဲ့သတင်းထောက် စတိဗ်အဲဗားရက်(Clint Eastwood) ဟာ လုပ်ဖော်ကိုင်ဖက်ဖြစ်သူမတော်တဆမှုကြောင့် ရုတ်တရက်သေဆုံးခြင်းနဲ့အတူ သေဆုံးသွားသူတာဝန်ယူထားတဲ့ ၁၂နာရီအတွင်းသေဒဏ်ကျခဲ့ရတော့မယ့် လူသတ်တရားခံတစ်ဦးကို အကျဉ်းထောင်မှာအင်တာဗျူးဖို့တာဝန်ကို လွှဲယူခဲ့ရပါတယ်။ အထက်ဖိအားကြောင့်သာ မယူချင်ယူချင် ယူခဲ့ရတဲ့ အဲဗားရက်ဟာ တရားခံကိုအင်တာဗျူးရင်း အမှုရဲ့ပုံမှန်မဟုတ်တဲ့အချက်တွေကို သိလာရတဲ့အခါမှာတော့ ……. မိသားစုကိုဂရုမစိုက်၊အလုပ်ကိုဂရုမစိုက် ယုတ်စွအဆုံး ကိုယ့်အသက်ကိုယ်ေတာင် ဂရုမစိုက်တဲ့ အဲဗားရက်ဟာ အဆင်မပြေမှုအားလုံးရဲ့ထွက်ပေါက်အဖြစ် တရားခံကို အပြစ်မဲ့ကြောင်းသက်သေပြဖို့ဖြစ်လာပါတယ်။ ဒါပေမယ့် မုသားဖော်စက်စစ်ဆေးမှုမှာကျရှုံးခဲ့တဲ့အပြင် ခိုင်မာတဲ့မျက်မြင်သက်သေနှစ်ဦးလည်းရှိနေတဲ့တရားခံကို သူ့ရဲ့ထင်ကြေးတစ်ခုတည်းနဲ့အပြစ်ကင်းတယ်လို့ယူဆခဲ့တဲ့ အဲဗားရက်ရဲ့ အထင်ဟာမှန်ပါ့မလား…….. တကယ်လို့မှန်ခဲ့ရင်တောင်၁၂နာရီအတွင်းသေဒဏ်ပေးခံရတော့မယ့် အကျဥ်းသားကိုဘယ်လိုနည်းလမ်းတွေနဲ့ကယ်တင်မလဲ….. မှုခင်းဖြစ်ပွားရာနေရာမှာ လူလေးဦးသာရှိနေပြီး တစ်ဦးကနစ်နာသူ၊တစ်ဦးကတရားခံ၊နှစ်ဦးကမျက်မြင်သက်သေဖြစ်နေတဲ့အချိန်မှာ အားလုံးကတရားခံလို့ယူဆထားကြသူက သတ်တာမဟုတ်ဘူးဆိုတာ အဲဗားရက်က သက်သေပြနိုင်ခဲ့မယ်ဆိုရင်ကော တကယ့်တရားခံကဘယ်သူဖြစ်နေမလဲ….. ၉၀ခုနှစ် မှုခင်းကားတွေရဲ့ ထုံးစံအတိုင်း အေးအေးလေးနဲ့ငြိမ့်ငြိမ့်လေးဆွဲခေါ်သွားမယ့် ကားကောင်းလေးဖြစ်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်ကို တော့ Swan Yee Myo Thant ကတင်ဆက်ထားပါတယ်။ File size… (2.3 GB) / (1.3 GB) Quality….HEVC / 1080p HEVC / 720p Format…. mkv/mp4 Duration….01:48:00 Genre… Drama, Mystery, Thriller, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Swan Yee Myo Thant
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.3 GB | Download | |
| 1080p | 2.3 GB | Download | |
| 1080p | 2.3 GB | Download | |
| 720p | 1.3 GB | Download | |
| 720p | 1.3 GB | Download | |
| 720p | 1.3 GB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
0.0 / 10
Director