
Triple Trouble (2015) အားလပ်ရက်တွေမှာ ပေါ့ပေါ့ပါးပါးပဲကြည့်ပြီး အပန်းဖြေချင်တဲ့ ပရိသတ်ကြီးတို့အတွက် ဒီတစ်ခေါက်မှာတော့ ဗီယက်နမ်ဟာသကားတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ။ ဗီဆိုတဲ့ ကောင်မလေးက အရမ်းရှက်တတ်ပြီး အလုပ်လုပ်ရင် အလွဲလွဲအချော်ချော်ဖြစ်တတ်တဲ့ အလုပ်သင်သတင်းထောက်မလေးပါ။ ဗီ့ကို ဗီ့သူဌေးက စိတ်ဆိုးပြီး ပုစွန်ငပိကျွန်းဆီ သတင်းဆောင်းပါးရေးဖို့ သွားခိုင်းတဲ့အခါ ခေတ်ဆန်ပြီး ဟော့ဟော့ရမ်းရမ်းနေတတ်တဲ့ မေဆိုတဲ့ ကောင်မလေးရယ်၊ ယောက်ျားနဲ့ ယောက္ခမစကား မြေဝယ်မကျနားထောင်ပြီး အိမ်အလုပ်ကို အိမ်ဖော်လိုလုပ်နေရတဲ့ ယွန်းဆိုတဲ့ အိမ်ရှင်မလေးရယ်နဲ့ တွေ့ဆုံခဲ့ပြီး သုံးယောက်သားအဖွဲ့ကျသွားပါတော့တယ်။ ဒီသုံးယောက်ပေါင်းလောင်းကျော်တို့ အဖွဲ့ကျပြီး တစ်ညလုံး ဆန်အရက်တွေ မူးအောင်သောက်မိတဲ့နောက် နောက်နေ့မနက်မှာ လူသူမဲ့တဲ့နေရာမှာ ရုပ်ဆိုးပန်းဆိုးတွေဖြစ်ပြီး နိုးလာကြတော့တာပါပဲ။ ဒီထက်ပိုဆိုးတာက မေ့ဖုန်းကို အမည်မသိဖုန်းတစ်လုံးဝင်လာပြီး သူ့ဆီကနေ အဖိုးတန်ပစ္စည်းတစ်ခု ခိုးသွားကြောင်း၊ ဒီနေ့မှ ပြန်မပေးရင် ကမ္ဘာအဆုံးထိ လိုက်မှာဖြစ်ကြောင်း ခြိမ်းခြောက်သံကြီး ကြားလိုက်ရတဲ့အခါ… ဗီ မေ ယွန်းတို့ သုံးယောက်ပေါင်းလောင်းကျော်တို့ သူတို့ဘေးမှာ အတူတူမေ့လဲနေခဲ့တဲ့ တွမ်ဆိုတဲ့ လူချောလေးရယ်ပေါင်းပြီး အဖိုးတန်ပစ္စည်းကို ဘယ်လိုလိုက်ရှာကြမလဲ? အဖိုးတန်ပစ္စည်းဆိုတာကရော ဘာကြီးလဲ? လူချောလေး တွမ်ကရော ဘာလို့ သူတို့နဲ့အတူရှိနေတာလဲ? ပုစွန်ငပိကျွန်းမှာ ဘယ်လို ထူးဆန်းအံ့ဩဖွယ်ရာတွေရှိနေမလဲ? ဆိုတာကိုတော့ ဒီသုံးယောက်ပေါင်းလောင်းကျော် ဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရှုပေးဖို့ ပြောပါရစေနော်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Egg ပဲ ဖြစ်ပါတယ်။ Genre….. Comedy Quality…. 1080p | 720p File size… 2.5GB | 1.2GB Format… mp4 Duration…. 1h 43min Subtitle…. Myanmar Subtitle (Hardsub) Translator …..Egg Encoder ….. Aaron
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.5GB | Download | |
| 1080p | 2.5GB | Download | |
| 1080p | 2.5GB | Download | |
| 1080p | 2.5GB | Download | |
| 720p | 1.2GB | Download | |
| 720p | 1.2GB | Download | |
| 720p | 1.2GB | Download | |
| 720p | 1.2GB | Download | |
| 720p | 1.2GB | Download | |
| 720p | 1.2GB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
5.3 / 10
Director